Yoongiဆေးရုံအသွားရောအပြန်ရောGun wonကသာဂရုတစိုက်ကူညီပေးတာကြောင့်အခက်အခဲမရှိ သူ့လိုသူငယ်ချင်းမျိုးရတာအတော်ကဲကောင်းတယ်မဟုတ်လား
"Yoongi ရော့"
သူ့အားနို့အေးဘူးပေးတာကြောင့်ဘာလဲဟုအူတူတူကြည့်မိတော့
"မင်းအတွက်လေ ကလေးအားရှိအောင်နို့များများသောက်ပေး"
Yoongiရီမိလိုက်သည်မှာသဘောကျကြောင်းပြနေသလို
"မင်းသာအိမ်ထောင်ပြုရင်မင်းအိမ်ထောင်ဘက်ကကံကောင်းတာပဲ"
Yoongiရယ်ကျဲကျဲအပြောကြောင့်Gun wonကစဥ်းစားနေသလိုဟန်လုပ်ရင်း
"အင်း မင်းရောကံမကောင်းချင်ဘူးလား"
"ဟင့်အင်း အိမ်ထောင်ရေးဆိုတာအချစ်တစ်ခုနဲ့ပဲတည်ဆောက်သင့်တယ် ငါမင်းပေါ်သူငယ်ချင်းထက်မပိုဘူး"
YoongiအပြောကိုGunwonခေါင်းအသာငြိမ့်ကာလက်ခံလိုက်သည်။ဟုတ်ပါတယ်လေ အချစ်မပါပဲအိမ်ထောင်ပြုရင်နာကျင်ဖို့ကများလာနိုင်တယ်လေ
"ဒါနဲ့ဘာလေးမွေးချင်လဲ"
Yoongiအတန်ငယ်စဥ်းစားလိုက်သည်။သူလိုချင်တာကဘာလေးရယ်တော့မဟုတ်ပါ ဘာလေးပဲရလာရလာပျော်ရွှင်စွာလက်ခံလိုက်ပါမည်
"မသိသေးဘူးလေ ဘာလေးပဲမွေးမွေးချစ်ရမှာပေါ့"
"Jungkookကောဘာလိုချင်တယ်ပြောလဲ"
Yoongiဟန်ဆောင်ရီလိုက်သည်။သူ့ဆီးကလေးမလိုချင်တဲ့ဟာ သူကဘာလေးမွေးမွေးမသတ်ပစ်ရင်တောင်ကံကောင်း
"သူလိုချင်မှာမဟုတ်ပါဘူး ထားလိုက်ပါပြန်ကြရအောင်"
Yoongiပြောရင်းထလိုက်တော့Gunwonလည်းထလိုက်သည်။Yoongiကသူ့အားရီပြရင်း
"ငါပြန်ဦးမယ် ဒီနေ့Jin hyungနဲ့အပြင်သွားစရာရှိလို့"
Gunwonကရီရင်း
"မင်းတို့ကရင်းနှီးတာမြန်သား ဘယ်သွားမှာလဲ"
"ဂိမ်းသွားတော့မလို့ ငါအခုတလောခဏခဏဂိမ်းဆော့ချင်နေလို့"
YoongiအပြောကိုGunwonကပြုံးရင်း
"အာ့ဆိုဗိုက်ထဲကGamerလေးများလားမသိ ယောက်ကျားလေးထင်တယ်"
YOU ARE READING
ငယ်ကျွန် season 2
RomanceMin Yoongiမင်းသိထားဖို့ကငါကြွေးတာစားငါပေးတာယူဖို့ပဲ Jeon Jung Kook ကျနော့်ပေါ်မှာတင်နေတဲ့အကို့ကျေးဇူးတွေကိုဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပြန်ဆပ်မှာပါ ...