33

4.6K 337 36
                                    

Jungkookအမြန်ဆုံးအရှိန်နဲ့Marketထဲဝင်လာတော့Gunwonကိုလူသုံးလေးယောက်ခေါ်သွားတာမြင်လိုက်သည် Yoongiကိုတော့သူမတွေ့

"နေဦး သူ့ကိုထားခဲ့"

Jk အမြန်ဆုံးGunwonကိုသယ်နေတဲ့လူတွေကိုတားလိုက်သည်။Gunwonကဓားဒဏ်ရာနှင့်မို့ပိုထိတ်လန့်သွားသည်။

"မင်းကJeonသခင်လေးမလား"

"အေး ဟုတ်တယ် Gunwonကအခုလောလောဆယ်ငါ့သူငယ်ချင်း အခုထားခဲ့ ဆေးရုံကိုငါပို့မယ်"

Jkတားပေမယ့်တစ်ဖက်ကရီမောနေသည်။

"မင်းကသူ့သူငယ်ချင်းဆို ငါတိူ့သခင်ကြီးကသူ့အဖေပဲ မင်းရဲ့အမွေတွေအားလုံးမကြာခင်သခင်ကြီးလက်ထဲရောက်လာမှာ ဟားဟား"

"ငါပိုက်ဆံအားလုံးပေးမယ် ထပ်မနှောက်ယှက်နဲ့တော့ Yoongiမင်းတို့ဆီမှာမလား"

Jkစိတ်ရှုပ်စွာပြောလိုက်တော့တဖက်ကမထိမဲ့မြင်ပြုံးပြလာရင်း

"စိတ်မပူပါနဲ့ အသုဘကြိုပြင်လိုက်တော့ မင်းယောက်ကျားကအရင်သခင်ကြီးရဲ့ညီကိုသတ်လိုက်တာလေ သခင်ကြီးကကျေနပ်မယ်ထင်နေတာလား"

"အဲ့တာSunnyလှောက်ပြောနေတာ မဟုတ်တာတွေ"

Jkအော်လိုက်တော့marketထဲကလူတွေသူ့တို့ကိုစူးစမ်းသလိုကြည့်လာကြသည်။

Jkလည်းလူတွေကိုထိချုက်မိနိုင်တာမို့ ဘာလုပ်ရမလဲတွေဝေနေမိသည်။

"အကို ကယ်ပါဦး"

မျက်ရည်တွေအပြည့်နှင့်စိုရွှဲနေတဲ့မျက်နှာနုနုကမလိုက်ဖက် ခန္ဓာကိုယ်လေးထက်ဗုံးတပ်ဆင်ခံထားရသည်မို့သူ့မျက်နှာကစိုးရိမ်မှုကိုမြင်နေရသည်။မှိတ်တုတ်မှိတ်တုတ်လင်းနေတဲ့ဗုံးကအနီဂေါင်မီးလေးကတစ်စက္ကန့်တိုင်းတစ်ကြိမ်လင်းနေသည်။မဖြစ်ဘူး

"Yoongi "

Jkအမြန်အနားကပ်ရင်းYoongiပခုံးအားကိုင်လိုက်ရင်းစိတ်လျော့စေသည်။Yoongiကိုကြိုးတုပ်ကာခေါ်လာတဲ့လူကပြုံးဖြီးနေတဲ့မျက်နှာနှင့်သူ့ကိုကြည့်ကာ

"Bye Bye"

Marketထဲကလူတွေလည်းဗုံးကြောင့်အလန့်တကြားပြေးထွက်သွားကြသည်။စက္ကန့်တွေကုန်ဆုံးလာသည်နှင့်ကောင်ငယ်လေးလဲပိုတိုးငိုနေသည်။

ငယ်ကျွန် season 2Wo Geschichten leben. Entdecke jetzt