"Jin...Happy birthday"
Jkပြောရင်းသူဝယ်လာပေးတဲ့လက်ဆောင်ဘူးအားလှမ်းပေးလိုက်သည်။Yoongiကတော့jinအားလက်ဆောင်ဘူးလေးတစ်ခုပေးရင်း
"အရမ်းကြီးတော့မများပါဘူး..."
"မင်းလာရင်ကိုရပြီ...ဟုတ်ပြီလား"
Jinဆံနွယ်တို့အားဖွဖွပုတ်ပေးတော့Yoongiခေါင်းငြိမ့်ပြလိုက်သည်
"Sunnyရော"
Jkမေးခွန်းကိုnamjoonကခေါင်းခါပြရင်း
"သူလာမှာမဟုတ်ဘူး....ချိန်းထားတာရှိလို့တဲ့"
Jkလည်းခေါင်းသာငြိမ့်ပြရင်းဝိုင်းထဲဝင်ထိုင်လိုက်သည်။သူတို့လေးယောက်ပဲရှိတော့နေရခက်နေကြသည်။Jinအိမ်ကချမ်းသာပေမယ့်...Namjoonနဲ့သာအတူနေတာမို့ပိုက်ဆံသိပ်မသုံးကြ...
"ငါ့မွေးနေ့မှာမွေးနေ့ကိတ်နဲ့....ပြီးရင်အရက်တိုက်မယ်...နောက်ပြီးစားချင်တာမှာပေးမယ်"
Jkရီလိုက်ရင်း
"ငါမှာလိုက်မယ်....ဘာစားမှာလဲ"
JinကYoongiဘက်လှည့်ကာ
"ဘာစားချင်လဲ"
"အဆင်ပြေတာပေါ့....ရပါတယ်"
"အားမနာပါနဲ့"
Yoongiအမှန်တိုင်းပြောရရင်အနည်းငယ်စိမ်းနေတော့ပွင့်ပွင့်လင်းလင်းမပြောချင်....Jungkookစိတ်ဆိုးမလားဟုတွေးရင်းအရာရာဆင်ခြင်နေမိတော့ဘာလုပ်ရမှန်းတောင်မသိ
"အာ...ခေါက်ဆွဲပဲမှာပေးပါ"
Jinကတော့သိပ်ကျေနပ်ပုံမပေါ်...သူစားချင်တာတွေရောYoongiစားလောက်မဲ့ဟာတွေရောမှာလိုက်သည်။
-
-
-
-
-
-
-
-
"Yoongi....jungkookကအရမ်းဆိုးတယ်မလား...Namjoonဆီကကြားပါတယ်အရိုက်ခံရတယ်ဆို"စားဖို့ပြင်ဆင်နေတုန်းJinကမေးလာတော့Yoongiပြုံးလိုက်ရင်း
"မဟုတ်ပါဘူး....ကျနော်အပြစ်ရှိလို့ပါ"
"မင်းကတော့တကယ်ပဲ...Jungkookကိုများကြိုက်နေလားမသိအားလုံးသည်းခံနေတော့တာပဲ"
Jinအပြောကြောင့်Yoongiပါးလုံးလုံးလေးတွေရဲတွတ်သွားသည်။
"ဟာ....ဟုတ်တယ်ထင်တယ်"
![](https://img.wattpad.com/cover/279477654-288-k634064.jpg)
BINABASA MO ANG
ငယ်ကျွန် season 2
RomanceMin Yoongiမင်းသိထားဖို့ကငါကြွေးတာစားငါပေးတာယူဖို့ပဲ Jeon Jung Kook ကျနော့်ပေါ်မှာတင်နေတဲ့အကို့ကျေးဇူးတွေကိုဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပြန်ဆပ်မှာပါ ...