Yoongiနှာခေါင်းဝထဲဆေးနံတွေမွှန်ထူစွာနိုးလာတော့အဖြူရောင်ကုတ်နဲ့လူကသူအားကြည့်ရင်း
"သတိရပြီလား"
ဆရာဝန်အမေးကိုYoongiခေါင်းငြိမ့်ပြလိုက်သည်။သူဆေးခန်းရောက်နေတာချက်ချင်းနားလည်လိုက်တယ်အဖြစ်အပျက်တွေအားလုံးမှတ်မိလိုက်တယ်....ဒါပေမယ့်သတိလစ်ပြီးနောက်ပိုင်းဘာတွေဆက်ဖြစ်ကုန်တာလဲ
"နိုးလာပြီလားYoongiတော်သေးတာပေါ့"
Jhopeရဲ့စိုးရိမ်ပူပန်စွာထွက်လာတဲ့အသံလေးကြောင့်Yoongiလက်ကာပြလိုက်ရင်း
"အာ....သက်သာပါတယ်....ငါကိုမင်းဆေးခန်းပို့တာလား"
Jhopeလည်းသူ့အားသက်ပြင်းချသလိုကြည့်ရင်း
"အေးပေါ့ကွာ....တော်သေးတာပေါ့...မင်းကိုVideoမရိုက်လိုက်နိုင်ပါဘူး"
"မင်းသိသွားတာလား"
"ငါမြင်လိုက်တာJkကားကိုဓာတ်ပုံဝိုင်းရိုက်နေတော့စိတ်ဝင်စားစရာထင်လို့ကြည့်မိတာ"
"အော်...အကိုကအတော်စတာပဲ"
ဒဏ်ရာတွေတောင်မကျက်သေးပဲယောင်နေတဲ့မျက်နှာနုနုကရီကျဲကျဲပြောလာတော့ရင်ထဲဆို့ခနဲ...
"မင်းကလည်းကွာ...ငါ့အိမ်လာနေ...သူမှမင်းကိုမလိုအပ်တာ"
"အကို့ကိုငါလိုအပ်တယ်....ငါသူ့ကိုထင်ထားတာထက်ချစ်မိနေတယ်"
"မင်းနာကျင်တာငြိမ်ခံနေတော့မှာလားကွာရှင်းလိုက်"
"အကိုသဘောတူမှာမဟုတ်ဘူး...လူကုံထံတွေရဲ့နားမလည်တဲ့စီးပွားရေးတွေရှိသေးတယ်လေ"
Yoongiအပြောကိုဆရာဝန်ကရီရင်း
"Jungkookယောက်ကျားထင်တယ်"
"အာ...ဆရာကအကိုနဲ့သိတာလား"
"မသိပဲနေမလား....နမည်ဒီလောက်ကြီးတာကို"
"အာ...ဟုတ်"
Yoongiပြောရင်းကုတင်ပေါ်ကထလိုက်တော့Jhopeမေးဆက်ပြလိုက်သည်။
"ငါအိမ်ပြန်တော့မယ်....ငါပြန်မလာရင်အကိုပိုစိတ်တိုလိုက်မယ်...ငါ့သူ့အမိန့်တွေလွန်ဆန်ထားမိတယ်..."
![](https://img.wattpad.com/cover/279477654-288-k634064.jpg)
BẠN ĐANG ĐỌC
ငယ်ကျွန် season 2
Lãng mạnMin Yoongiမင်းသိထားဖို့ကငါကြွေးတာစားငါပေးတာယူဖို့ပဲ Jeon Jung Kook ကျနော့်ပေါ်မှာတင်နေတဲ့အကို့ကျေးဇူးတွေကိုဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပြန်ဆပ်မှာပါ ...