22

4.6K 338 33
                                    

Yoongiအတော်စိတ်ရှုပ်နေသည် ပြောရမလားမပြောရမလားစဥ်းစားရသည်မှာခေါင်းပင်ခြောက်နေပြီ....ထမင်းစားနေတဲ့Jkအားအသာစောင်းငဲ့ကြည့်တော့သူ့အကြည့်နှင့်ဆုံခိုက်အမြန်အကြည့်လွှဲလိုက်ရသည်။

"မင်းဘာဖြစ်နေတာလဲ အာရုံနောက်တယ်"

"ဘာ ဘာမှမဖြစ်ပါဘူး"

Yoongiမပြောရဲသေးတာကြောင့်ငြင်းဆန်လိုက်သည်။

"ဘာမှမဖြစ်ရင်ကိုယ့်ဘာသာထမင်းစား စောက်ပိုတွေမလုပ်နဲ့"

Yoongiခေါင်းငြိမ့်ပြရင်းသူ့ထမင်းသူဆက်စားနေလိုက်သည်။

ထမင်းစားနေရင်းရုတ်တရက်အန်ချင်လာတာ​ကြောင့်ဘေစင်နားအပြေးသွားရင်းထွေးချလိုက်သည်။

"မင်းဘာဖြစ်နေတာလဲ ထမင်းစားနေတာစိတ်ရှုပ်အောင်"

ပြောရင်းထကန်တာကြောင့်သူ့အားမတုန့်ပြန်သေးပဲကိုယ့်ဘာသာဆက်အန်နေလိုက်သည်။ဒေါသနှင့်အိမ်ပေါ်တက်သွားတဲ့Jkအားကြည့်ရင်းသက်ပြင်းရှည်ကြီးချရုံကလွဲ၍သူမတတ်နိုင်ပြန်

ညအိပ်ခါနီးတော့လည်းကုတင်ပေါ်မှာမအိပ်သေးပဲဂိမ်းဆော့နေတဲ့Jkဆီအကြည့်ရောက်မိပြန်သည်။သူ့အားကြည့်နေတာသိသွားသည်ထင်ခေါင်းအုံးနှင့်ပစ်ပေါက်လာသည်။

"သခင်ဘာလို့လဲ"

"ဘာကိစ္စငါ့ကိုကြည်နေတာလဲတစ်ညနေလုံးငါ့ကိုဒေါသထွက်အောင်လုပ်နေတာပဲ"

Jkအပြစ်တင်စကားကြောင့်သူဘာလုပ်ရမလဲ Jhopeနဲ့Jinနှစ်ယောက်လုံးကဖွင့်ပြောခိုင်းသည်။ဘယ်လောက်မုန်းမုန်းကလေးမျက်နှာနဲ့ဆိုချစ်မှာပဲတဲ့....မိသားစုလေးတစ်ခုပိုင်ဆိုင်လာလိုက်မယ်တဲ့ Jkကကလေးအရမ်းလိုချင်နေတာဟုပြောတာကြောသ့်သူတွန့်မဆုတ်ချင်

"သခင် ကျနော်​ပြောစရာရှိလို့"

အိပ်ယာပေါ်ထထိုင်ရင်းJkအားပြောတော့ဘာလဲဟုသာမေးဆက်ပြလာသည်။

"ကျနော်.....ကျနော့်မှာ သခင်နဲ့..."

စကားအားဆက်မပြောနိုင်ပဲငြိမ်သက်သွားတဲ့yoongiအားJkစိတ်ရှုပ်စွာထရိုက်ဖို့လက်လှမ်းမိလိုက်သည်။

ငယ်ကျွန် season 2Wo Geschichten leben. Entdecke jetzt