part..( 2 )

50 8 4
                                        

Perfect Of love and Outcast

အပိုင်း......(..2..)

ကောင်းကောင်း ကောက်ခါငင်ကာထလိုက်သည်။ထို့နောက်ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့်လုပ်လိုက်သည်။သူတွေ့လိုက်ရသည်မှာ တံခါးရှေ့တွင် ဘာမှမပြောနိုင်တော့ဘဲ
ကြောင်ကြည့်နေကြသော "သက်ပိုင်"၏ သူငယ်ချင်းများ
အားတွေ့လိုက်ရတော့သည်။
နေ့လည်မုန့်သွားစားရာတွင် လူတွေရဲ့အကြည့်တွေက
ကောင်းကောင်းဆီသို့ရောက်နေကြသည်။သက်ပိုင်ကတော့ ရှက်ရှက်နဲ့ နေ့လည်ထဲက ပြန်သွားခဲ့ပြီ ဖြစ်သည်။
"ဟဲ့..ဟဲ့ နေခြည် နင်စာကျက်တာခဏရပ် ငါပြောစရာ
ရှိလို့"

" ဟင်..."

"ယု နင်ရေးကြီးသုတ်ပျာနဲ့ ဘာဖြစ်လာတာလဲ "

"ဘာဖြစ်ရမှာလဲ ပထမနှစ်ငါတို့မေဂျာက ကောင်
လေးနှစ်ယောက် အခန်းထဲနမ်းနေကြတယ်တဲ့ "

"အာ့ဘာဖြစ်လဲ သူတို့ဘာသာနမ်းတာလေ ငါ့ကိုသက်
မှမဟုတ်တာ"

အဲဒါနင့် ကိုသက်ပဲ "

"ဘာ......... နင်ဘာပြောတယ်"

"ယု နင်ကလည်းမဖြစ်နိုင်တာ "

" နင်မယုံလည်းနေ
ခုအဲ့သတင်းက တစ်ကျောင်းလုံးပျံ့နေပြီ။နောက်ပြီး
သက်ပိုင်သူငယ်ချင်းတေကိုယ်တိုင်မြင်တာ "
နေခြည် အနည်းငယ် သွေးပျက်သွားသည့်ဟန်ဖြင့်..

" ငါ..ငါ.. toilent သွားအုံးမယ်နော် "
"ဘာလို့နင်ဖစ်နေရတာလဲ သူတို့အထင်မှားတာပဲ ဖြစ်ရမယ် "

အိမ်သာမှနေခြည်ပြန်ထွက်လာသောအခါ

"ဟဲ့ နင် သူငယ်ချင်း သက်ပိုင် က lgbt ကြီးဆို နှမြောလိုက်တာဟယ် "

နေခြည် တစ်ယောက် ပြောသူကို ဒိုင်းကနဲ မျက်စောင်းထိုးချလိုက်ပြီး ..

" နင်တို့အလုပ်ပါလို့လား ကို့ကိစ္စကိုလုပ်ကြ "

"ငါတို့ကမေးကြည့်တာပါ နင်အဲ့လောက်ဖြစ်မနေနဲ့"

ဒီမှာနင်တို့ အာ့လာက်မေးချင်ရင်သူ့ကိုသွားမေး ငါ့ကိုမမေးနဲ့ ဖယ်ပေး "

ညနေကျောင်းလွှတ်တိုင်းနေခြည်နှင့်သက်ပိုင်ကတို့တူတူပြန်နေကြဆိုတော့ နေခြည်တစ်ယာက် သက်ပိုင် အလာကိုမျှော်နေတာပေါ့ အချိန်တခုကြာတဲ့ထိသက်ပိုင် ရောက်မလာသောကြောင့် နေခြည်စိုးရိမ်နေမိသည်

PERFECT OF LOVE & OUTCAST Where stories live. Discover now