စာမေးပွဲ ပိုပို နီးကပ်လာသည်ကြောင့် သက်ပိုင် တစ်ယောက် စာကျက်ဝိုင်းနှင့် ရှုပ်နေသလို ကောင်းကောင်း
မှာလည်း ထိုနည်းတူစွာပင် ။
အရင်လောက်ကဲ့သို့ စကားမပြောဖြစ်တော့သည်မှာ အသေချာပင်။ စာမေးပွဲ ကိစ္စ ဦးစားပေးနေရတာကြောင့်
ကောင်းကောင်း နှင့် သက်ပိုင် တို့ အတူနေရန် ကိစ္စကို
ဆိုင်းငာံထားလိုက်သည် ။စာမေးပွဲ ပြီးဆုံး၍ ပင်ပန်းခဲ့သမျှအား ဖြေဖျောက်ရန်
အတွက် သက်ပိုင် တစ်ယောက် ခရီးသွားရန် ဆုံးဖြတ်လိုက်
သည်။ ထို့နောက် သူ၏ မပါမဖြစ် အချစ်တော်လေးထံ
ဖုန်းဆက်လိုက်ပြီး ~~~ကောင်းကောင်း တစ်ယောက် စာမေးပွဲအတွင်း ပင်ပန်းခဲ့သမျှ
အား အတိုးချကာ အိပ်နေတော့သည်။ ထိုချိန် ကုတင်ဘေးရှိ
စာကြည့် စားပွဲပေါ်မှ " Say lalisa love me
Lalisa love me
Call me lalisa love me
Lalisa love me "ကောင်းကောင်း မဖွင့်ချင် ဖွင့်ချင်ဖြင့် မျက်လုံးအား ဖွင့်ကာ
ဖုန်း ကိုဆွဲကာ ကြည့်လိုက်တော့ ~~ ဖုန်း screen ပေါ်တွင် " ကိုသက် " ဟူသော သူ၏ ရင်ခုန်သံလေး ဖြစ်နေတာကြောင့် မသိချင်ယောင်ဆောင်ကာ"hello.. ဘယ်သူလဲ ခင်ဗျာ ကျွန်တော် မအားဘူးခင်ဗျ
အိမ် ဖုန်း ကို ဆက်လိုက်ပါ ခင်ဗျ "တောက်လျှောက် ပြောကာ ဖုန်းကို ချပစ်လိုက်သည်။
ညနေစောင်း ကောင်းကင်ယံထက် ပုဇွန်ဆီရောင်
သန်းနေချိန်တွင် ကောင်းကောင်း တစ်ယောက် နိုးလာခဲ့သည်။ သို့သော် မျက်လုံး တန်းမဖွင့်ပဲ မိမိ ပါးပြင်
တစ်လျှောက် ထိတွေ့နေသည့် လက်ဖဝါး တစ်စုံအား အာရုံ
ခံကာ ဆက်မှေးနေလိုက်သည်။ထိုချိန် မိမိ ခါးပေါ်သို့ ရောက်လာသော လက်ကလေးနှင့်
မိမိ ပါးပေါ်သို့ ကျရောက်လာသည့် အနမ်းလေးတစ်ပွင့်ဟာ
ရင်ကို လှိုက်ဖိုသွားစေသည်။ကောင်းကောင်း မျက်လုံးများဖွင့်လိုက်ပြီး သူ့ဘေးရှိ သူကို
အံ့သြသလို ကြည့်ကာ"ကိုသက် ဘယ်ထဲက ရောက်နေတာလဲ "
" ခင်ဗျားလေး ဖုန်းချပြီး စက်တော်ပြန်ခေါ်နေပြီး မကြာဘူး
ကျွန်တော်မျိုး ရောက်ရှိကြောင်းပါ ခင်ဗျာ "