PART ( 1 )

326 15 7
                                    

Perfect Of Love and Outcast

အပိုင်း....( ..1..).....

  "တီ..တီ..တီ..တီ." ဟာကွာ ဒီနှိုးစက်ကလည်း

"ဟင်...ဘယ်နှနာရီတောင်ထိုးနေပြီလဲဟ  သေရာ
     ကျောင်းနောက်ကျနေပြီ "
       
           ထိုအချိန်အောက်ထပ်မှ ....."သားရေ မင်းကျောင်းသွားရတော့မယ် ထတော့လေ ။"

   " လာပါပြီအမေရယ်"

" အသံထက်လူမြန်မြန်လာခဲ့ "

"ဟုကဲ့ပါအမေရယ်"   

      " ငါ့သားကတော့လေ ခေါင်းကိုဘယ်တော့မှသပ်သပ်ရပ်ရပ်မဖြီးဘူး ကဲလာအမေ
ဖြီးပေးမယ် "

  " ပွမ်..ပွမ်..ပွမ်"..." ဟော့ သားသူငယ်ချင်းလာခေါ်နေပြီ သွားတော့မယ်နော်အမေ     ...."ဟဲ့ ဟဲ့."

"သြော် ဒီကလေးတော့မုန့်မစားသွားပြန်ဘူး။"
အမည်....သက်ပိုင်ဖြိုး
ပထမနှစ်ကျောင်းသား(ပထမနှစ်)
(ပျာတိပျာယာနေတတ်သူ)

      သက်ပိုင်ရဲ့သူငယ်ချင်း .နေခြည်.နဲ့က.ငယ်ငယ်လေးတည်းကပေါင်းလာကြတာပါ နေခြည်ကတော့ သက်ပိုင်အပေါ် သူငယ်ချင်းထက်ပိုပြီးခံစားချက်ရှိနေပါတယ်

  " ဟဲ့  နင်ဒီနေ့လည်းအိပ်ရာထနောက်ကျတာလား
သက်ပိုင်။"

" အေးဟ ညကငါဘောလုံးပွဲကြည့်နေလို့ "

ဒီလိုဖြင့် ကျောင်းရောက်သောအခါ သက်ပိုင်တစ်ယောက်
အတန်းနောက်ကျနေသဖြင့် အပြေးအလွားလာခဲ့သည်။
ထိုစဉ် လမ်းတွင်ကောင်လေးတစ်ယောက်အား ဝင်တိုက်မိ
တော့သည်။

" ဟာကွာ အတန်းနောက်ကျနေပါတယ်
ဆိုနေမှ မင်းငါလာတာမမြင်ဘူးလားကွ"  ဟု သက်ပိုင်က
ပြန်တောင်ဟောက်ခဲ့သေးသည်။

    ထို့နောက်သက်ပိုင်တန်းထဲရောက်ချိန်တွင်သက်ပိုင်လည်းသူ့နေရာသူ
ဝင်ထိုင်နေလိုက်တယ်။မကြာမီ လူတစ်ယောက်အခန်းထဲ
ဝင်လာသည်။

" ကဲ ကလေးတို့ ဆရာမင်းတို့ကိုမိတ်ဆက်ပေးစရာရှိတယ် သူက ပညာသင်ဆုရပြီး တို့ကျောင်းကိုပြောင်းလာတာ။ သားဝင်လာခဲ့လေကွာ"

"ဟုတ်ကဲ့"

"သားနာမည်ကို အတန်းသားတွေသိအောင်မိတ်ဆက်
ပေးလိုက်ပါအုံး "
 

PERFECT OF LOVE & OUTCAST Where stories live. Discover now