Perfect Of Love And Outcast
အပိုင်း..(..3..)
ကောင်းကောင်း ထမင်းစားနေရာမှ ရုတ်တရက် ထရပ်လိုက်သည်။
"ကျွန်တော် toilent ခဏသွားချင်လို့
ခွင့်ပြုပါအုံး "" နေအုံး "
ကောင်းကောင်း သက်ပိုင်းအား မျက်စောင်းခဲလိုက်ပြီး" ဘာလဲ "
"မင်းက toilent ဘယ်မှာ
လဲသိလို့်လား "" ဟင့်အင်း "
"ဒါဆိုငါလိုက်ပို့မယ်နော် "
" အေးလေ ဟုတ်သားပဲ သားလိုက်သွားပေးလိုက်လေ " ဟု
သက်ပိုင်အမေမှ ကြားက ၀င်၍ ဆိုလိုက်သည်။
အိမ်သာသို့ရောက်သောအခါ သက်ပိုင် မှ" ရလား ငါအိမ်သာထဲထိ ၀င်စောင့်ပေးရအုန်းမလား "
" ကျွန်တော်အိမ်သာလာတာမဟုတ်ဘူး "
ကောင်းကောင်းဒေါသဖြစ်ဟန်နှင့်
"အကိုဘာလို့ ကျွန်တော့်ကို လိုက်စနေတာလဲ ကျွန်တော်မကြိုက်ဘူး"
သက်ပိုင် ကောင်းကောင်းနားသို့
တိုးသွားပြီးနံရံကိုလက်တစ်ဖက်ဖြင့် ထောက်ထားလိုက်သည်။
" မင်းမကြိုက်လည်း ငါစမှာပဲ ငါကြိုက်တယ်""ဗျာ...ကျွန်တော်က အရုပ်မဟုတ်ဘူးနော် "
ထို့နောက် ကောင်းကောင်းမှ မချဉ်ပြုံးလေး ပြုံးလိုက်ကာ
သက်ပိုင်အား စေ့စေ့ကြည့်ရင်း"ဒါမှမဟုတ် အကိုက ကျွန်တော့်ကိုကြိုက်နေတာလား"
ကောင်းကောင်း၏ အမေးကြောင့် သက်ပိုင်တစ်ယောက်
နှလုံးပင် ရပ်ချင်လာသည်။ ရှေ့တွင် မချဉ်ပြုံးလေးဖြင့် မြူဆွယ်နေ
သော ထိုကောင်လေးအား ဆွဲကာဖက်နမ်းချင်လာသည်။ ထို့နောက်
ကောင်းကောင်း၏ နား အနားနားသို့ တိုးသွားကာ" omm မင်းအခုမှ သိတာလား "
ကောင်းကောင်း တစ်ယောက် ကြားရသည့် သူ့နားများကိုပင်
မယုံနိုင်ဖြစ်ကာ သွေးပင် စောင့်တက်ချင်သွားတော့သည်။ မျက်နှာ
တစ်ပြင်လုံးလည်း နီရဲလာကာ နှင်းဆီဖူးလေးလို ဖြစ်နေတော့သည်။