ကောင်းကောင်းနှင့် သက်ပိုင် စာလုပ်ပြီး ( 2 )နာရီခန့် အကြာ
လောက်တွင် သက်ပိုင် တစ်ယောက် အိပ်ငိုက်တော့သည်။
စာလုပ်ခြင်း မပြီးစီး၍ ကောင်းကောင်း စိတ်ဆိုးမည်ကို ကြောက်
တာကြောင့် ငိုက်ကျလိုက် သတိကပ်လိုက်ဖြင့်သာ ။
ထိုမြင်ကွင်းအား မြင်နေရသော ကောင်းကောင်းမှာ စိတ်ဆိုး
နေဟန်မျိုး မရှိပဲ မသိမသာ ကြိတ်ကာ ပြုံးမိသည်။" သက်ပိုင် ခင်ဗျားအိပ်ချင်နေရင် အိပ်တော့လေ "
"မဟုတ်ဘူး ကိုယ်ရသေးတယ် "
" အာ့ဒါဆို ခင်ဗျားဘာသာ ဆက်လုပ် ကျွန်တော် အိပ်တော့မယ်"
" အာ့ဒါဆို ကိုယ်လည်း အိပ်မှာပေါ့ "
ကောင်းကောင်း တစ်ယောက် သက်ပိုင်အား ကျောပေး၍
အိပ်နေရာမှ အနောက်မှ ထိလာသော အရာတစ်ခုကြောင့် တုန်
သွားသည်။ တခြားမဟုတ်ပင် ကောင်းကောင်း၏ ခါးပေါ်သို့
ရောက်ရှိလာသေု သက်ပိုင်၏ လက်သာ။ ထို့နောက် ကောင်းကောင်း အား အနားသို့ ဆွဲကပ်ကာ တင်းတင်းကြပ်ကြပ်
ဖက်ထားလိုက်သည်။
ကောင်းကောင်းမှာဖြင့် အသက်ပင် ပြင်းပြင်း မရူရဲပေ။
ထိုကဲ့သို့ အခြေအနေနှင့် နေရခက်သော်လည်း စိတ်ဆိုးခြင်းတော့
မဟုတ်ပေ။ သဘောကျနေသည်လား အားနာနေသည်လား
ကောင်းကောင်း ကိုယ်တိုင်လည်း သိမည် မဟုတ်လောက်သေးပေ။
"တစ်ခါပဲ ...တခါလောက်ပဲ ငါ့စိတ်အတိုင်း နေကြည့်မယ် "
ဟု စဉ်းစားကာ ကောင်းကောင်း တစ်ယောက် သက်ပိုင်ဘက်သို့
လှည့်လိုက်ပြီး သက်ပိုင်၏ ခါးသို့ ပြန်လည် ဖက်ကာ ရင်ခွင်ထဲတွင်
လျှိတိုး အိပ်ပျော်သွားတော့သည် ။ သက်ပိုင် နိုးနေသည်ကိုတော့
ထိုကောင်လေး မသိခဲ့ပေ။မနက်ခင်း နေရောင်စူးစူးကြောင့် ကောင်းကောင်း၏
မျက်လုံးလေးများ လှုပ်ခတ်လာပြီး တစ်စုံတစ်ယောက် ကြည့်နေ
သဘ်ဟု ခံစားရတာကြောင့် မျက်လုံးတန်း မဖွင့်ပဲ ခေါင်းကို အောက်သို့ ငိုက်ချလိုက်သည်။ ထို့နောက် မိမိဖက်ထားသော
လက်နှစ်ဖက်အား ရုတ်သိမ်းရန် ကြံရွယ်လိုက်သော်လည်း
သက်ပိုင်မှာ အလွတ်မပေးပဲ ထိုလက်များအား ဆုပ်ကိုင်ထားတာ
ကြောင့် မသိချင်ယောင်ဆောင်၍ မရတော့ပေ။