မှန်ရှေ့တွင်ရပ်ကာ ယုံကြည်မှု ပျောက်ဆုံးနေသော
ကောင်လေး သူ့ကိုယ်သူ ပြန်ကြည့်နေသော အကြည့်ထဲတွင်
ရွံရှာမှု ကြောက်ရွံ့မှု ဂရုဏာသက်မှု တို့ ပြည့်နေခဲ့သည်လေ။
ရုပ်ချည်းဆိုသလို မျက်နှာထက်တွင် အပြုံးကလေး ပန်ဆင်ကာ မိမိ
နေရပ်အိမ်မှ ထွက်၍ ကျောင်းသိူ့ လာခဲ့သည်။
အတန်း မတက်ခင် ဗိုက်က ဆာတာတာ ဖြစ်လာတာကြောင့်
တစ်စုံတစ်ခု စားရန် ကန်တင်းသိူ့ လာချိန် စားပွဲဝိုင်းလေး တစ်ခုမှ
လက်လှမ်းပြကာ ခေါ်နေတာကြောင့် ကြည့်လိုက်မိသည်။ တခြား
သူမဟုတ် ကောင်းကောင်း ဖြစ်ပြီး ဘေးတွင်လည်း သက်ပိုင်ဆိုသူ
က ထိုင်နေသည်။ ကောင်းကောင်းကို နှစ်မြို့ဖွယ် ပြုံးပြလိုက်ပြီး
ထိုစားပွဲဝိုင်းသို့ သွားထိုင်လိုက်သည်။" ကောင်းကောင်း တို့က မနက်ခင်း အတန်းမရှိဘူးပေါ့ "
"မရှိလို့ ထိုင်နေတာပေါ့ "
သက်ပိုင်၏ ကြားမှ မချေမငံ ပြန်ဖြေလာမှုကို မသိချင်
ယောင် ဆောင်ပြီး" မရှိဘူးလား ကောင်းကောင်း " ဟု ထပ်မံ၍ ပြုံးကာမေးလိုက်
သည်။
ကောင်းကောင်းမှာ ထိုနှစ်ယောက်ကြား အနေရခက်၍ တိုင်နှင့်သာ ပြေးဆောင့်ချင်တော့သည်။" ဟုတ် ကိုခန့် မနက်ခင်း အတန်း မရှိဘူးဗျ ကိုခန့်ကော "
" အကိုက ရှိတယ် ဗိုက်ဆာလာလို့ တခုခု စားမယ်ဆိုပြီး ၀င်လာတာ "
" ဒါဆိုလည်း မြန်မြန်စားပြီး မြန်မြန်ပြန်လေ "
ဟု သက်ပိုင်မှ ပြောလာတာကြောင့် ကိုခန့် မျက်နှာပေါ်မှ
အပြုံးများ ပျောက်ကွယ်သွားသည်။ ရုတ်ချည်းဆိုသလို ကောင်းကောင်းနှင့် သက်ပိုင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး
အပြုံးကို မျက်နှာ တွင် ပြန်လည်ပန်ဆင်လျက်"ကောင်းကောင်း အကို ဒီမှာပဲ ထိုင်လိုက်မယ်နော် "
" အာ ဟုတ် ဟုတ် ရပါတယ် ထိုင်ဖို့ပဲ ခေါ်လိုက်တာပဲလေ "
ကောင်းကောင်း တစ်ယောက် ဒီနှစ်ယောက်နှင်း ရူးချင်နေရှာ သက်ပိုင်မှာတော့ ကိုခန့်အား ဘယ်ဘ၀က အငြိုးများ
နှင် မုန်းနေမှန်း မသိ စိတ်ပျက် စိတ်ကုန်စရာလူကို မြင်နေသကဲ့သို့
ကြည့်နေသယောင် ။
![](https://img.wattpad.com/cover/280216904-288-k407739.jpg)