Part ( 4 )

27 6 5
                                    

Perfect Of Love And Outcast

အပိုင်း..... ( 4 )

        ကောင်းကောင်း တစ်ယောက် အိမ်ပေါ်သို့ လေးတိလေးကန်ဖြင့် ပြန်တက်လာ ပြီး

"မေမေရေ သားပြန်ရောက်ပြီနော် " 
                                ....ဟုသာပြော၍
အိမ်ပေါ်ထပ်ရှိ မိမိ အိပ်ခန်းထဲသို့ ၀င်ကာ အိပ်ရာထက်တွင်
လှဲချလိုက်သည်။ ထို့နောက် သက်ပိုင် သို့ ပြောခဲ့သော စကားများ
လွန်သွားလေပြီလား ဟုပြန်လည် သုံးသပ်နေသည်။ စိတ်ထဲတွင်လည်း   
     " ငါနဲ့သူနဲ့က ဘာမှ မဟုတ်တာ ငါပြောတာ မလွန်ပါဘူး"
"သူဝမ်းနည်းသွားမလား မသိဘူး " စသည်ဖြင့် အတွေးများနေသည်။
          ရုတ်တစ်ရပ် အခန်းတံခါး လာခေါက်တဲ့သူ ရှိတာကြောင့်
အတွေးများအား လတ်စသတ်ကာ ထဖွင့်လိုက်သည့်အခါ

"ဟင် ကိုသက်..မဟုတ်ဘူး သက်ပိုင် မင်းမပြန်ဘူးလား "

"ဟင့်အင်း ကိုယ့်ကား စက်နှိုးလို့ မရလို့ "

" ဒါဆို taxi ငှားသွားလေ "

" taxi က ဒီအနီးအနားမှာ မရှိဘူးတဲ့ ကိုယ်တိုင် သွားပြီးမေးမှ
ရလိမ့်မယ် "

" သွားမေးပေါ့ "

    သက်ပိုင် ကောင်းကောင်းသို့ မျက်လုံးဖြင့် ပင့်ကြည့်လိုက်ပြီး
အနားသို့ ကပ်သွားကာ

" မဟုတ်သေးပါဘူး အပြင်မှာ မိုးရွာနေတာ မင်းမသိတာလား "

   သက်ပိုင် ပြောမှ မိုးရွာနေမှန်း ကောင်းကောင်း သိသည်မှာ
အမှန်ပေပင် သို့သော်လည်း ဘာကိုရှက်လို့ ရှက်မှန်း မသိသော
နှင်းဆီဖူးလေးသည် မလုံမလဲ ဖြစ်ကာ

" ထီးနဲ့သွားလို့ရတယ်လေ ကျွန်တော် ငှားမယ် "

" ရပြီ ရပြီ  မင်းဒီလောက် မနေစေချင်မှတော့ ငါပြန်လိုက်တော့
မယ် " 
     ဟု ဆိုကာ လှည့်ထွက်ချိန်တွင် အနောက်မှ မိမိလက်အား
ဆွဲထားသော နူးညံ့သည့် အထိအတွေ့လေးတစ်ခု ကို ခံစားလိုက်
ရသည်။ သက်ပိုင် ကြိတ်ပြုံးလိုက်ပြီး မျက်နှာပိုးပြန်သတ်ကာ
ကောင်းကောင်း သို့ ဘာလုပ်တာလဲ ဟုသော အကြည့်ဖြင့်
ကြည့်လိုက်သည်။

" ဟို...ဟို ကျွန်တော်က အာ့လို သဘောမျိုးနဲ့ ပြောတာမဟုတ်ပါဘူး "

PERFECT OF LOVE & OUTCAST Where stories live. Discover now