Part ( 5 )

26 7 2
                                    

Perfect Of Love And Outcast

အပိုင်း ..... ( 5 )

          ကောင်းကောင်း တစ်ယောက် အိပ်ရာပေါ်တွင် ဟိုလှိမ့်
ဒီလှိမ့်ဖြင့် ညနေက အကြောင်းကိုသာ ပြန်တွေးပြီး ရှက်နေမိသည်။
အပြင်မှ တံခါး ဖွင့်လာသံကြားမိပြီး မယ်သူ ဆိုတာ ကြိုသိနေတာ
ကြောင့် ကျောပေး၍ အိပ်ချင်ယောင် ဆောင်နေလိုက်သည်။
သက်ပိုင် ကောင်းကောင်း ဘေးတွင် ၀င်၍ လဲလျောင်းလိုက်ကာ
ကောင်းကောင်း သို့ ကြည့်ရင်း

"အိပ်တော့ ကောင်းကောင်း ငါညနေက ကိစ္စကို နှစ်ကိုယ်ကြားပဲ
ထားမှာ ကတိပေးတယ်နော် "
     
      ထိုအခါမှ ကောင်းကောင်း သက်ပိုင် ဘက်သို့ လှည့်လာပြီး

"ငါမင်းကို မယုံလို့ မဟုတ်ပါဘူး ငါ....ငါ ရှက်လို့ပါ "

       သက်ပိုင် ကောင်းကောင်း ကိုပြုံးပြကာ ကောင်းကောင်း၏
မျက်စိအား စူးနေသော ဆံပင်ကို သပ်တင်ပေးလိုက်ပြီး

"မရှက်ပါနဲ့ ငါတောင် မရှက်ဘူး အဲ့ဒီ အစား ......"   ဆိုပြီး

ကောင်းကောင်းသိူ့ ရီဝေဝေကညြ့်လိုက်သည်။ အန္တရာယ် အရိပ်ငွေ့
ကို ခန့်မှန်းမိနေသော ကောင်းကောင်းမှာ  မျက်လုံးမှိတ်ကာ စောင်
ခေါင်းမြှီးခြုံ၍ အိပ်တော့သည်။ ထိုချစ်စဖွယ် ပြုမူခြင်းကြောင့်
သက်ပိုင် တစ်ယောက် အသဲယားမိနေမည်တော့ ရိပ်မိမည် မထင်
    နောက်တစ်နေ့မနက်တွင် သက်ပိုင် နှင့် ကောင်းကောင်း
ကျောင်းသို့ အတူသွားကြသည်။

"ကဲကဲ လ၀က်စာမေးပွဲလည်း နီးပြီဆိုတော့ မင်းတို့ စာကြိုလုပ်
ထားမယ်လို့ မျှော်လင့်ပါတယ်  "

   "ဟူးး.... ကောင်းလေးရေ "

" omm ပြောလေ "

" ကောင်းလေး  စာတွေ ရပြီလား "

" ရသလိုတော့ ရှိပါပြီ မင်းရော "

" ဟင့်အင်း ကိုယ်တော့ မရသေးဘူး ကျမယ်ထင်တယ် "

" ဒါဆို ကျွန်တော် ပြပေးမယ်လေ အခုထဲက ပြရမလား "

" ဟင့်အင်း ရတယ် ကိုယ် ညနေမှ ကောင်းလေး အိမ် လာခဲ့မယ်
နော် "

" ဟုတ် ဟုတ် "

"ဒါဆို ကိုယ်တို့ အခု မုန့်သွားစားကြရအောင်လား ဗိုက်ဆာလို့ "

PERFECT OF LOVE & OUTCAST Where stories live. Discover now