Channel မှာ ကိတ်လုပ်နည်းတင်ဖို့ ပြင်ဆင်နေတုန်း ကျွန်တော့်အား ဝိုင်းကူပေးနေသော ဂျွန်။
တားပေမယ့် အကြောမာပြီး ကူပေးနေတာကြောင့် ကျွန်တော်ကပဲ အလံဖြူပြလိုက်ရသည်။
Creamလုပ်ဖို့စက်ယူရန် နံရံကပ်စင်လေးရဲ့ တံခါးကို ဖွင့်လိုက်တော့လည်း သူသယ်ပေးပါမယ်ဆိုပြီး အတင်းလက်ထဲက ယူသွားသည်
လိုအပ်တဲ့ပန်းကန်တွေကို သွားယူပြန်တော့လည်း ကြားက ဖြတ်ယူသွားပြန်တယ် နောက်တခါ Creamညှိဖို့ ဇွန်းတွေယူပြန်တော့လည်း သူသာ အပြေးအလွှားယူပေးတာပဲ ကျွန်တော်ကြည့်တော့ ပြုံးဖြီးဖြီးနဲ့ ပြန်ကြည့်လာသည်
"ဂျောင်ကုရှီးး တော်ပါပြီ ငါလည်းပြင်ဆင်လို့ပြီးပါပြီ အဲ့တာကြောင့် ထိုင်ခုံပေါ်ပဲ သွားထိုင်ပေးပါလား ဂျောင်ကုက အဲ့လိုလိုက်ကူညီလွန်းနေတော့ ငါဘာလုပ်ရမှန်းမသိတော့လို့ပါ"
သူ့ရဲ့မင်သည် စသိတုန်းကလို သူစိမ်းဆန်ဆန်ပြောလာတာ သူ မကြိုက်ပေးမယ့် မင်တကယ်စိတ်ရှုပ်လာ၍ ခုလိုပြောလာခြင်းအား ရိပ်စားမိတာကြောင့် အသေးအဖွဲဆိုပေအုန်း မင့်ရဲ့ စကားတွေကို မငြင်းဆန်ချင်တာကြောင့် သဘောအတိုင်းထိုင်ကြည့်နေလိုက်ရတော့သည်
သူ့ရဲ့မင်က ကင်မရာလေးကို နေရာတကျထားပြီး နှုတ်ဆက်သံနဲ့ အတူ cake လုပ်နည်းလေးကို စတင်လေတော့ သူ့မှာ ကြည့်လို့ပင်မဝ
မင်သည် သူဝါသနာပါရာ အလုပ်မှာ မွေ့ပျော်နေတော့ မျက်နှာလေးမှာ ကြည်လင်နေလိုက်တာ ဂျောင်ကုမှာ ပြုံးမိသည်အထိ။
"ဗြည်း...ဗြည်းးး"
မင့်ကို ကြည့်နေတုန်း vibrateထားတဲ့ဖုန်းသံမြည်လာတာကြောင့် contact ကို ကြည့်လိုက်တော့ အဖေ။
ဒါကြောင့် မင့်ကိုတစ်ချက်ကြည့်ပြီး အနှောက်အယှက်ဖြစ်မည်စိုး၍ အိမ်ပြင်သာ ထွက်ကာ စကားပြောလိုက်သည်
အဖေနဲ့သူမှာ ပြန်အဆင်ပြေနေပြီး အရာရာသည်လည်း ချောမွေ့နေလေပြီ
ဘယ်တည်းက အဆင်ပြေလည်းဆိုရင်တော့ မင်နဲ့သူ ဝေးခဲ့တဲ့ အချိန်တည်းကဖြစ်သည် ကျွန်တော်တို့ နှစ်ယောက်ဝေးခဲ့၍ အဖေကျေနပ်ကာ လက်ခံပေးတာရယ်တော့မဟုတ်။

YOU ARE READING
Sorry Min || Complete ||
Fanfictionဝေးခဲ့ပြီးပြီ ဒါပေမယ့် ပြန်နီးစပ်နိုင်မလား မင်.... အရာရာအတွက် ကိုယ်ကပဲ တောင်းပန်တယ် (အရေးအသားက အရမ်းနုပါတယ် ဒါကြောင့် စာဖတ်သက်တမ်းရင့်သူတွေအတွက် အဆင်ပြေနိုင်မည်မထင်ပါ) Started date-31 7 2021 Ended date -31 8 2021