Part 4

2.3K 270 5
                                    

အဖေနဲ့ စကားအေးအေးဆေးပြော ထမင်းတူတူစားပြီး မင့်ဆီသို့သာ ပြန်လာခဲ့လိုက်သည်။ 

အဖေနဲ့ စကားပြောကောင်းနေ၍ ပြန်လာချိန်သည် တော်တော်တောင်မှောင်နေပြီ

ကားကိုသာ ဂရုစိုက်မောင်းလာခဲ့သည်။

သို့သော် ကျွန်တော့်ကားရှေ့မှ မောင်းနေသော ကုန်ကားအလတ်စားသည် မူမမှန်တော့ အရှိန်သည်လည်း ပို၍ မြန်လာသလို ထို့ကြောင့် ထိုကားနဲ့ ခပ်လှမ်းလှမ်းမှ မောင်းလိုက်ရသည်

အိမ်သို့ ပြန်ရောက်ခါနီးတွင် ထိုကားသည် ကျွန်တော်ထင်သည့်အတိုင်း "ဝုန်း......"ဆိုသည့် အသံနှင့်အတူ  လမ်းဘေးရှိ ဓာတ်တိုင်အား တိုက်ချလိုက်သည်မှာ မျက်စိ တစ်မှိတ်တွင်းပင်ဖြစ်သည်

ထိုနေရာတွင် ထိုကားနှင့် ကျွန်တော့်ကားသာရှိနေသည်။

အရှိန်သည် အရမ်းအပြင်းကြီး မဟုတ်တာတောင် ဓာတ်တိုင်မှာ တော်တော်ကို ယိုင်ကြသွားသည်

ကျွန်တော် ကားစက်သတ်ကာ အမြန်ဆင်းသွားလိုက်သည် ထိုအခါ ကားထဲမှ လူတစ်ယောက် ထွက်လာသည်ကို တွေ့တာကြောင့် သွားကူတွဲပေးလိုက်သည်

"အကို အဆင်ပြေရဲ့လား ကျွန်တော် ဘာကူပေးရမလဲ "

"ရ ရတယ်ညီလေး ကားထဲက တစ်ယောက်ထိထားတယ် သူ့ကိုသာ အမြန်ကူပေးပါအုံး"

ဂျောင်ကု ထိုစကားကြောင့် အမြန် ကားဆီသို့သွားကာ တံခါးဆွဲဖွင့်လိုက်တော့ ထိုသူမှာ သတိမေ့နေသည် ခေါင်းမှ သွေးကလည်း စီးကျနေသည် ထို့ကြောင့် ကျွန်တော်နဲ့ အကိုသည် ထိုသူအား ကားပေါ်မှ ခေါ်လာခဲ့ရသည်။

"အကို လူနာတင်ကား ခေါ်ရအောင်"

ကျွန်တော်သည် စိတ်ကိုပြုပြင်ခဲ့တာ နှစ်ချီ ကြာခဲ့တာကြောင့် အေးဆေးစွာ ဖြေရှင်းနိုင်နေလေပြီ ဒါဟာမင့်ကျေးဇူး။မင့်ကြောင့်သာ စိတ်ကိုပြင်ဆင်ခဲ့လို့ ခုအခြေအနေထိ သူတောင့်ခံနိုင်ခဲ့တာ။

"အကို့ဖုန်းက ကားပေါ်မှာ ကျန်ခဲ့တယ်"
သိပ်မထိခိုက်တဲ့ အကိုက ပြောလာတော့

"ရတယ်အကို အဲ့တာဆို ကျွန်တော်ဆက်လိုက်မယ်"

သူ့ဖုန်းမှာ အိပ်ကပ်ထဲတွင် အဆင်သင့်ပါတာကြောင့် ယူလိုက်ပြီး ဖုန်းခေါ်ရန်ပြင်စဉ်ချိန် တစ်လမ်းလုံးမှောင်မဲနေသည်ကို သတိထားမိသည်။သူတို့အိမ်တည်ရှိရာ လမ်းကြားလေးပင် မီးရောင်တစ်စရယ်လို့ မရှိ။

Sorry Min || Complete ||Donde viven las historias. Descúbrelo ahora