Part 5

2.3K 230 0
                                    

Past...

အဆောက်အအုံရှေ့ လူများ၊လူနာတင်ကားများနှင့် ရှုပ်ထွေးနေသည် ထိုအထဲတွင် အဖြစ်အပျက်တွင်သက်ဆိုင်နေသော လူနာနှစ်ဉီး၏ အသီးသီးသော မိသားစုများသည်လည်း ထိုလူနာနှစ်ယောက်အား ကြည့်၍ စိတ်မကောင်းဖြစ်ကာ မျက်ရည်များ ကျဆင်းနေကြသည်။
ထိုအဖြစ်အပျက်တို့၏ အစပျိုးမှုတို့သည်ကား ဤမှစသည်......။

.....................
.....................

ညနေ၆နာရီ ထိုးနေလေပြီ ဂျောင်ကု
သူ့ရုံးခန်းထဲရှိ ခုံပေါ်တွင် မှီထားကာ မျက်လုံးတို့ကို မှိတ်ထားသည်။

အိမ်မပြန်ချင်ပါ ထိုသို့ပြောရင်လည်း မှားပြန်သည် အိမ်ကိုပြန်ချင်ပါသည် သူချစ်ရသူ၏ မျက်နှာလေးကို မြင်ချင်ပါသည် နှုတ်ခမ်းနုနုလေးအား နမ်းချင်ပါသည် သို့သော် သူ့စိတ်တို့သည် မည်သို့မည်ပုံဖြစ်နေပါကြောင်းလည်း အဖြေရှာမရ

အိမ်မပြန်သည်မှာ ၅ရက်ရှိလေပြီ အကြောင်းရင်းကတော့ တခြားမရှိ
သူအရင်တပတ် ရုံးပိတ်ရက် တနင်္ဂနွေနေ့က အိမ်တွင် နေရင်းထိုင်ရင်း အသားတို့သည် တစပ်စပ်တုန်လာပြီး ယားယံလာသည် သူ့သွေးသားတို့သည် တခုခုကို လိုအပ်လာသည် ဘာမှန်းလည်းသူမသိ

ထိုအခါ စိတ်တို့သည် ဘာမှမမြင်နိုင် အပြစ်မရှိတဲ့ သူ့အားစိုးရိမ်တကြီး ကြည့်နေသည့် မင်အား ရန်ဆောင်မိသည်
ကျွန်တော်တွန်းထုတ်မိ၍ စားပွဲနဲ့စောင့်မိပြီး မင်နဖူးပေါက်သွားသည် ထိုအခါမှ ကျွန်တော် သတိဝင်ပြီး ကားမောင်းထွက်လာကာ company တွင်လာနေရသည်

Company တွင်လည်း စာရင်းများသည် တလွဲတွေုြဖစ်နေတတ်ပြီး ဝန်ထမ်းတွေကို စိတ်အမြဲတိုနေတတ်သည် ဒါကတော်သေးသည် ကျွန်တော်ချစ်တဲ့လူသားလေးဆီ ရန်မဆောင်မိဖို့ အရေးကြီးသည်

ဒီနေ့ မင်စာပို့လာသည် သူတို့နှစ်ယောက်ရဲ့လက်ထပ်ထားတာ 1year anni ပြည့်တဲ့နေ့မို့ ပြန်လာခဲ့ပေးပါတဲ့
အရင်ကဖြစ်ခဲ့တာတွေကို စိတ်ထဲမထားပါနဲ့ ခွင့်လွှတ်ပါတယ်တဲ့လေ

မင်ဘယ်လောက်ချစ်တတ်သလဲ ဒါကိုတောင် ကျွန်တော်သည် ကိုယ့်ကိုကို မထိန်းချုပ်နိုင်ဘူး anniနေ့ကို တောင်မေ့နေခဲ့တာ

Sorry Min || Complete ||Where stories live. Discover now