Part 7

2.1K 231 10
                                    

ဂျီမင် ဂျွန်နဲ့ မန်နေဂျာလီခေါ်သူ အပြင်မှာ စကားပြောနေတာကို အိမ်ထဲကနေ ထိုင်စောင့်နေလိုက်သည်။ ကလေးမလေးနဲ့ထိုင်နေရင်း ပြတင်းပေါက်ကနေမြင်နေရတဲ့ ဂျွန်ကိုလည်း လှမ်းကြည့်ရသေး။

ဂျွန့်ရဲ့ ကိုယ်ရေးကိုယ်တာကို ဂျီမင် မစပ်စုချင်ပါ ဂျွန်ကလည်း သိစေချင်မှာမဟုတ်ထာသိသည်လေ။

ဘေးနားက ကလေးမလေးကတော့ လက်မောင်းကို ကိုင်ကောင်းတယ်ဆိုပြီး ဖျစ်​ေနတာ ခဏခဏ ခုလည်း လက်သန်းလေးက သေးသေးတိုတိုလေးဆိုပြီး လာတိုင်းနေသေးတာ သူ့လက်သန်းနဲ့

ထိုကလေးမလေးသည် အဖေရော အမေရောက အရပ်ရှည်တာမို့ သွယ်လျလျလေးသာရှိပြီး လက်တွေကလည်း ရှည်သည်

ဂျီမင့်လက်သန်းနဲ့
သူ့လက်သန်းနဲ့ဆို တန်းတူဖြစ်တော့မယ် ပြုံးသာ ပြလိုက်ပြီ ဂျွန်ရှိရာဆီ မျက်စိရောက်မိပြန်တော့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေတာ တွေ့ရတော့လည်း ဂျီမင်ငေးနေမိသည်။

ဂျောင်ကုဘအပြုံးတွေကို ချစ်ပါတယ် အရာရာတိုင်းကို ချစ်တယ်။

စိတ်ပျော့လွယ်သူမို့လို့လား မသိ သူဂျွန့်ကို ခွင့်လွှတ်ပေးပြီး ပိုချစ်ပေးချင်ပါသည်။သို့ပေမယ့်လည်း ထားခဲ့ခံရမှာ ကြောက်သည်။

ထို့နောက်တွင် ကလေးမလေး အမေရောက်လာပြီး ဧည့်ခံလာတော့ စကားလက်စုံကျသွားတော့တာပေါ့။
............
....................
............
"မန်နေဂျာလီ နေကောင်းတယ်မလား"

"ကောင်းပါတယ် သူဌေး"
လီဆန်းဂျင်းမှာ  အမှားကို သိတဲ့အတွက်ကြောင့် ခေါင်းသာ ငုံ့ထားသည်

."ပြောစရာရှိလား ကျွန်တော့်ကို"

ဂျောင်ကု ကိုယ်တိုင်ကြားချင်တာကြောင့်မေးလိုက်သည် ခုချိန်မှာ သူများမိသားစုကို မဖျက်စီးချင်တာကြောင့် တရားစွဲမည်မဟုတ်ပါ ကျွန်တော် ထိုဘဝကို နားလည်တာမို့။

"တောင်းပန်ပါတယ် သူဌေး"

"ကျွန်တော့် မိသားစုတွက်ပါ အဲ့ချိန်က သမီးလေးလည်းငယ်သေးပြီး မိန်းမကလည်း နှလုံး​ရောဂါကို ချက်ချင်းကုမှ ရမှာမလို့ပါ
လုပ်ရပ်က ဆိုးဝါးတာ ကျွန်တော်သိပါတယ် နောင်တလည်း ရပါတယ်"

Sorry Min || Complete ||Where stories live. Discover now