ညဟာတော့ သူတို့နှစ်ယောက်တွက် အေးစက်စက် အပြင်က မိုးလေဝသကြောင့် ေြပာလို့ရသလို ဂျွန့်ရဲ့ ဆက်ဆံရေးကြောင့်လည်းပါသည်
ညနေကထိ အကောင်းပါ ဘာလို့ခုကျမှ ရှောင်နေသလိုဖြစ်နေတာလည်း အကိုနမ်ဂျွန်းကြောင့်လား
ဟုတ်တော့ မဟူတ်နိုင်ပါဘူး သူတို့ဆက်ဆံရေးက ရိုးသားတာ ဂျောင်ကုလည်း အမြင်ပဲဟာ
Laptopပဲ ဖွင့်ကာ နောက်တစ်ပတ်အတွက် ဟင်းအမယ်ကို ဘာချက်ရမလဲ လေ့လာနေလိုက်သည်
သူဂျွန့်ကို မမေးချင်ပါ အရင်ကတည်းက စကားစပြောတာ ကျွန်တော် မဟုတ်တာလည်းပါမှာပေါ့
ဂျွန်နဲ့ မဆုံခင်က သူဌေးသားမာနက ပြန်ပေါ်လာတာများလား စဉ်းစားမိသည်
အထက်တန်းမတိုင်ခင်ထိ ကျွန်တော်က မာနတစ်ခွဲသားနဲ့သူဖြစ်ခဲ့တာ ဂျွန်နဲ့တွေ့တော့ မာနဆိုတာ ဝေလာဝေးပဲလေ
ဒါတွေ ဂျွန် မမြင်ပေးခဲ့ပါ
............................
.................................မနက်ခင်းတစ်ခု နေရောင်ခြည်သည် ဘယ်လိုဖြာကျနေလဲသူမသိ ပတ်ဝန်းကျင်ရဲ့ဆူညံသံသည် မည်သို့ရှိလဲသူမသိ သူသိသည်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ မင်ရဲ့မျက်နှာလေးနှင့် အသက်ရှူသံမျှင်မျှင်လေး ။
သူနဲ့မင် မျက်နှာချင်းမဆိုင်ရသည်က အကိုနမ်ဂျွန်းရောက်လာသည့် နောက်နေ့နဲ့ဆို ၆ ရက်မြောက်နေ့
တနည်းဆိုရင် anniနေ့ကျွန်တော် အကောင်းဆုံးတွေကို မင့်အတွက်ပြင်ဆင်ထားတယ် မင်မသိအောင်ပေါ့
မင်ပျော်လောက်မှာပါ ကျွန်တော့်အချစ်တွေပါတာမို့
**************************
"အင်းးးးးးးး"
မနက်မိုးလင်းလို့ အကြောဆန့်ကာ မျက်လုံးကို ဖြေးဖြေးချင်းဖွင့်လိုက်တော့ မျက်လုံးဝိုင်းတွေနဲ့ ကြည့်နေတဲ့ ဂျွန်"ဂျောင်ကုနိုးနေပြီလား"
"အင်းးမင် အိပ်ချင်သေးရင် ဆက်အိပ်လေ"
ဂျောင်ကု ပြန်အိပ်ခိုင်းနေတာကြောင့် နံရံပေါ်က နာရီအကြည့်ရောက်တော့ ၉ နာရီခွဲဲနေပြီ

ŞİMDİ OKUDUĞUN
Sorry Min || Complete ||
Hayran Kurguဝေးခဲ့ပြီးပြီ ဒါပေမယ့် ပြန်နီးစပ်နိုင်မလား မင်.... အရာရာအတွက် ကိုယ်ကပဲ တောင်းပန်တယ် (အရေးအသားက အရမ်းနုပါတယ် ဒါကြောင့် စာဖတ်သက်တမ်းရင့်သူတွေအတွက် အဆင်ပြေနိုင်မည်မထင်ပါ) Started date-31 7 2021 Ended date -31 8 2021