PART 1

6.1K 372 6
                                    

မိုးလင်းလာပြန်ပြီ....

ရင်တွေထဲ မကောင်းလိုက်တာ....
ဘာလို့များလဲ အထီးကျန်မှုတွေက ခုချိန်ထိတိုင် အနည်မထိုင်နိုင်သေးရတာလဲဆိုတဲ့ အကြောင်းအရင်းအား စဉ်းစားနေမိတာကလည်း ရက်ဆက်...

နောက်ဆုံးအတွေးတွေထဲ ပေါ်လာ​ပြန်တာဟာ သူ့လိုအပ်ချက်တွေက တစ်ဉီးတည်းသောသူဆီမှာပဲ ကျောက်ချထားခဲ့မိလို့ပဲ ဆိုတဲ့အဖြေတွေ....

နံနက်ခင်းရဲ့ လုပ်ငန်းဆောင်တာတွေဟာ အေးအေးဆေးဆေးပါပဲ

ထို့အတူ သူ့ရဲ့ နေ့ရက်တိုင်းဟာ ပုံသေ လည်ပတ်နေလေသည်။

လွမ်းလားဆိုတော့လည်း လွမ်းနေတယ်လို့တော့ မထင်ပါဘူး ဒါပေမယ့်လည်း လွမ်းနေမိပြန်တယ်။

"တင်းတောင် တင်းတောင် တင်းတောင် တင်းတောင်"
ခြံရှေ့က ဘဲလ်သံဟာ ခပ်စိတ်စိတ်ထွက်လာတော့ လုပ်လက်စတွေကို ပစ်ကာ အမြန်ပြေးဖွင့်ပေးရသည်။

ဘေးအိမ်တွေ အားနာစရာ။

"လာပြီ လာပြီ ဘာလို့အဲ့လောက်တောင် ဘဲလ်ကို အဆက်မပြတ်တီးးးး....."

တတွတ်တွတ်ပြောနေတဲ့ ကိုယ့်နှုတ်ခမ်းတွေဟာ ပိတ်ကျသွားပြီး ရင်ခုနနှု်းတွေဟာ အထီးကျန်နေခဲ့တာ ကို်ယ်မဟုတ်တော့သလို ရေပြင်ညီဘဝမှာ လှမ်းနေတာ ကိုယ်မဟုတ်တော့သလို လှုိင်းထလာတော့သည်။

ဘယ်ချိန်က ပြန်လာခဲ့တာလဲ။
ဘာကြောင့်များ ကိုယ့်ဆီဝင်လာခဲ့ရတာလဲ။

ကိုယ့်စိတ်တွေကိုသိနေလို့ မေ့မရသေးတာ သိနေလို့ တဖန်အနိုင်ထပ်ယူဖို့ ပြန်လာခဲ့တာလား ကိုယ်ဟာ အဲ့လောက်ပဲ သေးနုတ်နေလား။

ခြေတစ်လှမ်းဟာ အလိုလိုနောက်ဆုတ်မိပြီး မူပိုင်နာမည်လေးတစ်ခု ရွတ်ဆိုမိသည်။

"ဂျွန်......."

..................
..................Sorry Min .................
..................

"မင်..နေကောင်းလား ငါသတိရနေတာ"

"ွဂျောင်ကု မင်းဘာလို့ ပြန်လာတာလဲ "

"ဘာလို့လဲ ကိုယ့်ယောကျားအိမ်ကိုယ်လာတာ ဘာဖြစ်လို့လဲ ဘာလည်း မင်က မကြိုက်ဘူးလား"

Sorry Min || Complete ||Donde viven las historias. Descúbrelo ahora