အိပ်ခန်းငယ်လေးထဲ အသက်ရှူသံမှအပ တိတ်ဆိတ်နေသည်။ ကုတင်ထက်တွင် ကျောပေးကာ အိပ်နေသောကောင်လေးရယ် ထိုကျောပြင်လေးအား ငေးကြည့်နေသော ကောင်လေးရယ်ရှိနေပြီး သေချာတာက နှစ်ယောက်စလုံးသည် အိပ်မပျော်သေးပဲ အတွေးတို့ထဲ ကူးလူးဆဲ။
..................Sorry Min.....................
"ဖြန်းးးးး""
ထိုအသံနဲ့အတူ သူ့ပါးတစ်ခြမ်းဟာ ပူထူသွားရတော့ အံကြိတ်ပြီး မယုံနိုင်စွာကြည့်မိသည်။အဖေ... အဖေက သူ့ပါးကိုရိုက်လိုက်တာလား အမေရှိစဉ်တုန်းက တယုတယနမ်းခဲ့တဲ့ သူ့ပါးကိုလေ
"အဟက်...အဖေ ကျွန်တော့်ကို ရိုက်တယ်ပေါ့ ဘာလို့လဲ ကျွန်တော် မင်နဲ့ လက်ထပ်တာ ဘာမှားနေလို့လဲ ပြောပါအုန်း"
"အေး မှားလား မမှားလား မင်းကိုယ်တိုင်သိမှာပေါ့ ဘယ့်နှယ် ယောကျားတစ်ယောက်ကို လက်ထပ်တယ် ကြားမကြားဖူးဘူး အဲ့ကောင်မင်းကို ဘယ်လိုများ မြူစွယ်လိုက်ပါလိမ့် အောက်တန်းစားပဲနေမှာ"
"အဖေ့ လွန်မလာပါနဲ့ မင့်ကိုလည်း အဲ့လိုစကားမျိုးနောက်မပြောပါနဲ့ သားငြိမ်ခံနေမှာ မဟုတ်ဘူး"
"ဘာ....မင်းးအဖေကို ပြန်ပြောနေတာလား ငါတခုခုလုပ်မိရင် အဆိုးမဆိုနဲ့"
ကျွန်တော့်အား ထိုးဖို့ရွယ်စဉ် ဝင်တားသော အဖေ့မိန်းမ ကျွန်တော့်မိထွေး"ကိုရယ် မလုပ်ပါနဲ့ ကလေးကို လက်လွန်ကုန်မယ်"
"မင်း ဝင်မပါပါနဲ့ မင်းကို အဲ့ကောင်က အကောင်းမြင်နေလို့လား ဟင်..အဲ့ကောင်က အဖေကို အဖေမှန်းမသိအောင် မွှန်နေတဲ့အကောင်"
"တော်ပါတော့ ကိုရယ်
ဂျောင်ကု သားလေး သွားတော့်နော် မေမေကြားထဲက တောင်းပန်တယ်""အဟက် မေမေဟုတ်လား ကျွန်တော့်မှာ အမေမရှိတော့ဘူး အမေက....အေးချမ်းသွားပြီ ပြီးတော့ ကောင်းကင်ပေါ်ကနေ ကျွန်တော့်ကို စောင့်ရှောက်နေတာ နောက်ထပ်အမေဆိုတာ မလိုဘူး "
ဂျောင်ကု ထိုတော်လှချည်ရဲ့ဆိုသော အဖေ့မိ်န်းမအား ခနဲ့သလိုပြောလိုက်တာကြောင့် အဖေတို့ ဒေါပွလေပြီ
KAMU SEDANG MEMBACA
Sorry Min || Complete ||
Fiksi Penggemarဝေးခဲ့ပြီးပြီ ဒါပေမယ့် ပြန်နီးစပ်နိုင်မလား မင်.... အရာရာအတွက် ကိုယ်ကပဲ တောင်းပန်တယ် (အရေးအသားက အရမ်းနုပါတယ် ဒါကြောင့် စာဖတ်သက်တမ်းရင့်သူတွေအတွက် အဆင်ပြေနိုင်မည်မထင်ပါ) Started date-31 7 2021 Ended date -31 8 2021