"ဂျွန်......!""
ထွက်သွားပြီဟုထင်မှတ်ထားသော သူအား ဂျီမင် မတ်တပ်ရပ်ကာ ဖက်လိုက်သည်ထိုနှစ်ယောက်စလုံးက မျက်ရည်တွေကျနေကြတာ အပြိုင်အဆိုင်။ လက်လွှတ်ရမယ်လို့ တွေးထင်ထားတာကိုး ကျပါစေလေ ဒီမျက်ရည်တွေက နောက် ကျစမ်းပါဆိုတောင် ကျရတော့မှာမဟုတ်
ဂျောင်ကုလည်း ကျောပြင်လေးကို ပုတ်ပေးနေလိုက်သည်
ထိုအချိန် ဖက်ထားသူက ခွာလိုက်ပြီး ဂျောင်ကုရင်ဘတ်အား တဖုန်းဖုန်း ထုရိုက်လာသည်
"ထွက်သွားတာမလား ဘာလို့ပြန်လာတာလဲ ခုထွက်သွား အဟင့် အီးးးဟီးးး"
ဂျောင်ကု သူ့အား ပြောဆိုကာ ရိုက်နေသူအား ပြုံးပြုံးကြီးသာ ကြည့်နေမိသည် လက်သန်ကတော့ ပြောင်တယ် ရင်တွေဆို အောင့်ကနဲ ဒါပေမယ့် ချစ်တော့လည်း သည်းခံ...
"ငါက ဂျွန့်ကို မုန်းတော့မှာ ထားသွားရင် ငါက....."
ထိုစကားကိုတော့ သည်းမခံနိုင်ရိုးအမှန်ပါ
မင့် လက်ကလေးတွေကို ချုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းနှစ်လွှာကို ဖိကပ်လိုက်သည်ထိုအခါမှ ငြိမ်ကျသွားတဲ့ မင်
နမ်းရှို်က်နေလိုက်သည် ဘယ်အရာကိုမှ ဉီးနှောက်ထဲ အဝင်မခံပဲ စိတ်အာရုံကို ဒီချိုအီအီနှုတ်ခမ်းလေးပေါ်မှာပဲ တစိုက်မတ်မတ်ထည့်ထားလိုက်သည်ပြီးနောက် ထိုမုန်းတော့မှာဆိုတော့ နှုတ်ခမ်းလေးကို ဖွဖွလေးကိုက်ပစ်လိုက်သည်
ကဲဟယ် ပြောချင်အုံး
နမ်းတာ တော်တော်ကို ကြာပြီဖြစ်မှ ခွာပေးလိုက်တော့ မျက်လုံးလေးစုံမှိတ်ကာ အသက်ကိုဝဝရှူနေတဲ့ မင် နှုတ်ခမ်းလေးကတော့ နမ်းထားတာကြောင့် စိုစိုစွတ်စွတ်ရယ်သာ
"မင်.....ကို့ကို ခွင့်လွှတ်ပါနော်"
မင်က မျက်စောင်းလှလှလေးထိုးလာပြီး မေးလာသည်
"ဘာကိုလဲ အရင်က ကိစ္စကိုလား ခုကိစ္စကိုလား""နှစ်ခုလုံးကို "
"အရင်က ကိစ္စကို ခွင့်လွှတ်တယ် ခုကိစ္စက ဂျွန် လွန်တယ် ငါ ဘယ်လောက်ငိုလိုက်ရလဲ မိုးရေလည်း ရွှဲနေပြီ ခွင့်မလွှတ်ဘူး"
![](https://img.wattpad.com/cover/279582897-288-k112003.jpg)
YOU ARE READING
Sorry Min || Complete ||
Fanfictionဝေးခဲ့ပြီးပြီ ဒါပေမယ့် ပြန်နီးစပ်နိုင်မလား မင်.... အရာရာအတွက် ကိုယ်ကပဲ တောင်းပန်တယ် (အရေးအသားက အရမ်းနုပါတယ် ဒါကြောင့် စာဖတ်သက်တမ်းရင့်သူတွေအတွက် အဆင်ပြေနိုင်မည်မထင်ပါ) Started date-31 7 2021 Ended date -31 8 2021