ဆေးရုံတွင် ကောင်လေးနှစ်ယောက် လူနာခန်းအသီးသီးတွင် ရှိနေကြသည် ကောင်လေးတစ်ယောက်မှာတော့ သတိမရသေး
ဂျောင်ကု ဆေးရုံကုတင်ပေါ်တွင် မှင်သေသေနှင့် ထိုင်နေသည် သူ့အဖေကိုလည်း စကားမပြော မျက်ရည်များတော့ ကျနေတာ မရပ်နိုင် တာကျိုးနေသလိုပင်
ထို့နောက် တံခါး ခေါက်သံကြားကာ မော့ကြည့်မိသည် မင့် အစ်မဖြစ်နေသည်
သူတို့နှစ်ယောက်ဘက်ကနေပေးခဲ့သူ မင့်အစ်မ ပတ်ဂျီဟာသည် ဒီတစ်ခါတော့ စိတ်ပျက်စွာ ကြည့်လာသည်
ဟုတ်ပါတယ် ခုသူသည်လည်း ကိုယ့်ကိုကို စိတ်ပျက်မိနေသည်လေ
"ဉီးလေးရှင့် ကျွန်မ ဂျောင်ကုနဲ့ စကားပြောချင်လို့ပါ "
ဂျောင်ကု အဖေ့ကို ခေါင်းညိမ့်ပြတော့ ထွက်သွားသည်
"ဂျောင်ကု ငါဒီတစ်ခါတော့ တော်တော်ကို ရှော့ရသွားတယ် နင့်လုပ်ပုံကောင်းရဲ့လား"
"ငါ သိပါတယ် တောင်းလည်းတောင်းပန်တယ်"
"အေး ဒါနဲ့ နင်ကဘာလို့ ခုလိုထဖြစ်တာလဲ"
" ငါမပြောချင်ဘူး"
"ပြီးရောလေ ငါတို့ဘက်က တရားစွဲမှာ မဟုတ်လို့ နင်ဘက်က ထွက်သွားပေးပါ တည်ငြိမ်တဲ့ အချိန်ထိ နင့်ကိုယ်နင် ပြုပြင်နိုင်ရင် ငါတော့ ဘာမှ ဝင်ပါစရာမလိုပါဘူး။ ဒါပေမယ့် အဖေနဲ့အမေကတော့ ဂျီမင်နိုးလာရင် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးခိုင်းမယ်ပြောတယ်"
"ငါ မထိုးနိုင်ဘူးနော် အစ်မဂျီဟာ"
"ငါသိတယ် ဒါက နင့်အပိုင်း ငါတို့ မိဘ
ေတွဖက်ကတော့ ဂျီမင်ကို မရရတဲ့နည်းနဲ့ ထိုးခိုင်းမှာသေချာတယ်""ဒါ ငါလာပြောတာ နင်ဆုံးဖြတ်လို့ရအောင်"
"အေးပါ ကျေးဇူးပဲ"
ထို့နောက် ဂျီဟာသည် ဂျောင်ကု ပုခုံးလေးကို ပုတ်ပြီး ထွက်သွားသည်။
နောက်မှာ ကျန်ခဲ့သူ ဂျောင်ကုမှာတော့ သက်ပြင်းများ အကြိမ်ကြိမ်ချနေမိသည်
ပြီးနောက် သူဆုံးဖြတ်လိုက်သည် USကို ထွက်သွားပြီး ကုသမယ်ဆိုပြီးပေါ့ ထိုအချက်ထဲ သူမေ့နေတာ တစ်ခုရှိသည်က သူ့ကို မျှော်နေမယ့် သူချစ်ရသူ မင် သည် သူထွက်သွား၍ ဝမ်းနည်းကာ သူ့အားနာကြည်းတော့မည်ဆိုတာပင်
YOU ARE READING
Sorry Min || Complete ||
Fanfictionဝေးခဲ့ပြီးပြီ ဒါပေမယ့် ပြန်နီးစပ်နိုင်မလား မင်.... အရာရာအတွက် ကိုယ်ကပဲ တောင်းပန်တယ် (အရေးအသားက အရမ်းနုပါတယ် ဒါကြောင့် စာဖတ်သက်တမ်းရင့်သူတွေအတွက် အဆင်ပြေနိုင်မည်မထင်ပါ) Started date-31 7 2021 Ended date -31 8 2021