နမ်ဂျွန်း ဖုန်းသွားဆက်တဲ့ ဂျီမင် ကြာနေတာကြောင့် အဝတ်လဲခန်းထဲမှ ထွက်လာကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲရှာကြည့်တော့ မရှိ
ထိုအချိန် သူရပ်နေတဲ့ တံခါး နားက အရိပ်လေးကို ကြည့်မိတော့ နံရံကို မှီကာ တွေတွေလေး ထိုင်နေတဲ့ ဂျီမင်
" ဘာတွေဖြစ်ပြန်ပြီလဲ "
ဒီလိုနေ့ဆို ဖြစ်နေကြမလို့ စိတ်ပြေလက်ပျောက် အပြင်ခေါ်လာခဲ့တာကို ဘာတွေက တွေဝေစေပြန်တာတုန်း
နမ်ဂျွန်းမသိသည်က ခုလို ခေါ်လာခြင်းက အတားအဆီး တစ်ခုဖြစ်စေခဲ့တယ်ဆိုတာကိုပေါ့
ဒါပေမယ့်လည်း နမ်ဂျွန်းအမှားတော့မဟုတ် စေသနာတွေက ရလဒ်တွေကို ကွယ်သွားခြင်း
အတားအဆီးဆိုတာကလည်း ကျော်ဖြတ်လို့ရတဲ့ အရာပါ
"ဂျီမင် ဘာထိုင်လုပ်နေတာလဲ"
ဂျီမင့်အရှေ့ထိုင်လိုက်ကာ ဆံပင်လေးကို ဖွဖွလေးကိုင်ကာ မေးလိုက်သည်။
ထိုအခါ မေ့ကြည့်လာသည့် အကြည့်တို့က အကူညီတောင်းနေသလို သေချာတာက သူပါဝင်ကူညီနိုင်မယ့် ကိစ္စတော့ဟုတ်မနေလောက်"အကိုနမ်ဂျွန်း...ကျွန်တော် မှားသွားတယ် "
"ဘာကိုလဲဂျီမင်"
"ကျွန်တော် ဂျောင်ကုအပေါ် မှားသွားတယ် အားနာလို့ ဘယ်လိုလုပ်ရပါ့မလဲ"
"ဘာကိစ္စလဲဆိုတာတော့ မသိပေမယ့် အကိုပြောမယ် သေချာနားထောင်နော်"
ခေါင်းတဆက်ဆက် ငြိမ့်ပြလာသည်
"အကု့ိအထင်တော့ သူနဲ့မင်းကြားမှာ အားနာတယ်ဆိုတဲ့စိတ်ကို မထားပါနဲ့လား"
"အခုပဲကြည့် ဂျောင်ကုက သူ့လုပ်ခဲ့မိတဲ့အမှားကို မင်းကို ပွင့်ပွင့်လင်းလင်းမပြောပြဘူး မင်းကလည်း မမေးဘူး "
နမ်ဂျွန်းကပဲ စကားထပ်ဆိုသည်။"အဲ့ဒီမှာ ဂျောင်ကုလိုတာ သူတွေးတာက မင်းကို ကောင်းကောင်းဆက်ဆံပေးပြီး သူပြန်အရယူမယ်ပေါ့ ဖွင့်ပြောပြလိုက်ရင် မင်းက ဆုံးဖြတ်နားလည်ပေးပြီး ဒီကိစ္စက ခဏနဲ့ပြီးသွားမှာ အဲ့တာကို မင်းတို့တွေက ခက်အောင်လုပ်နေကြတာ အကိုပြောတာက ရှုပ်နေလောက်ပေမယ့် ဂျီမင်တော့နားလည်တယ်မလား"

BINABASA MO ANG
Sorry Min || Complete ||
Fanfictionဝေးခဲ့ပြီးပြီ ဒါပေမယ့် ပြန်နီးစပ်နိုင်မလား မင်.... အရာရာအတွက် ကိုယ်ကပဲ တောင်းပန်တယ် (အရေးအသားက အရမ်းနုပါတယ် ဒါကြောင့် စာဖတ်သက်တမ်းရင့်သူတွေအတွက် အဆင်ပြေနိုင်မည်မထင်ပါ) Started date-31 7 2021 Ended date -31 8 2021