"တစ်" "ဟ"
"နှစ်" "ဟ"
"တစ်" "ဟ"
"နှစ်" "ဟ"
အလင်းရောင်က ခပ်ဖျော့ဖျော့လေးသာ ဖြန့်ကျက်နေသေးသော်လည်း စစ်ရေးလေ့ကျင့်ရာကွင်းပြင်တွင်တော့ စစ်ရေးလေ့ကျင့်မှုက စတင်နေခဲ့ပြီဖြစ်လေသည်။ လင်းဝမ်ယွဲ့တစ်ယောက် သူမလက်ထဲရှိလှံကို ခပ်တင်းတင်းဆုပ် ကိုင်ထားရင်း ကြွေးကြော်သံတွေကြားတွင် စည်းချက်ကျကျ လှုပ်ရှားကာ အားမာန်အပြည့်ဖြင့် တိုက်ခိုက်နေသည်။ သူမ၏ လှုပ်ရှားမှုတိုင်းက ပြီးပြည့်စုံနေကာ ထိုသို့ဖြစ်ရန်လည်း အထူးအားစိုက်ထုတ်စရာ မလိုအောင်ပင် လေ့ကျင့်မှုတို့ဖြင့် နေသားကျနေခဲ့ပြီဖြစ်လေသည်။
ဤရိုးရှင်းလွန်းသော လေ့ကျင့်မှုလေးကပင် တိုက်ပွဲတွင် အသက်ရှင်ကျန်နိုင်မည့် အခြေခံတိုက်ခိုက်မှုဖြစ်ကြောင်း လင်းဝမ်ယွဲ့ သေချာသိပေသည်။
စစ်တပ်ထဲတွင် နှစ်နှစ်အကြာရှိနေခဲ့ပြီးနောက်တွင်တော့ သူမကို ဝါရင့်စစ်သားတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်လေသည်။ သူမနှင့် တစ်ချိန်တည်းတွင် စာရင်းပေးခဲ့ကြသော ရဲဘော်ရဲဖက် အချို့ကား တိုက်ပွဲတွင် ကျဆုံးသူက ကျဆုံး၊ တပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူဖြစ်၊ မြင်းတပ်ကဲ့သို့သော အဆင့်မြင့်သည့် အခြားတပ်သို့ပြောင်းရွှေ့သူ ပြောင်းရွှေ့ စသည်ဖြင့် ကွဲပြားကုန်ကြပြီ ဖြစ်လေသည်။ သူမတစ်ယောက်တည်းသာ သေဆုံးနိုင်ခြေများသော သာမန် ခြေလျင်တပ်သားလေးအဖြစ် ကျန်ရှိနေခဲ့တာဖြစ်သည်။ သို့သော်လည်း ဤကိစ္စနှင့်ပက်သက်၍ သူမတွင် ဘာခံစားချက်မှ မရှိချေ။ သူမကား စစ်တပ်ထဲတွင် ယောက်ျားလေး အဖြစ်ဟန်ဆောင်ကာ နေနေရသော မိန်းကလေး တစ်ယောက်သာ မဟုတ်ပါလား။ ရာထူးနှင့် စည်းစိမ်ကို ရယူခြင်းကားသူမအတွက် အန္တာရာယ်ကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်လိမ့်မည်။ သူမ ဖြစ်ချင်သည့် တစ်ခုတည်းသော ဆန္ဒကား ရွာသူရွာသားတွေအတွက် ကလဲ့ချေရန်ပင် ဖြစ်သည်။ အားလုံးပြီးဆုံးသွားချိန်တွင် စစ်တပ်မှ ထွက်ကာ ရွာတစ်ရွာတွင် သူမဘဝကို အေးချမ်းစွာ ကုန်ဆုံးစေမည် သို့မဟုတ် တိုက်ပွဲဝင်ရန်း ကျဆုံးသွားရန်ဖြစ်သည်။ စစ်ထဲစဝင်ချိန်မှစ၍ စစ်ထဲမှ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်လိမ့် မည်ဟု သူမမျှော်လင့်ခဲ့မိပေ။ ထို့ကြောင့် ဒုတိယ ဆန္ဒက ပို၍ ဖြစ်လာနိုင်ပေသည်။ လင်းဝမ်ယွဲ့ အမြဲတမ်း သူမကိုယ် သူမ အမြဲသတိပေးလေ့ရှိသည်က သူသတ်ရမည့် အရေအတွက် မပြည့်သေးဘဲ သူမ မသေဆုံးသွားရန် ဖြစ်လေသည်။
YOU ARE READING
စစ်သူကြီးနှင့်မြင့်မြတ်သော သမီးတော် (Translation)
Historical Fictionမိသားစုနှင့် ၁၁၈ ယောက်သော ရွာသားတို့၏ အသက်သွေးကြွေးအတွက် ကလဲ့စားချေနိုင်ရန် အမွှာ မောင်လေး၏ နာမည်ကိုယူကာ ယောက်ျားလေးဟန်ဆောင်ကာ စစ်ထဲဝင်ပြီး ဟွန်လူမျိုးမှန်သမျှ သတ်ရန် ကျိန်ဆိုထားသည့် မိန်းကလေး မိဖုရားခေါင်ကြီး ကံတော်ကုန်ပြီးနောက် အသက် ၁၆ နှစ်ရွယ် သမ...