လီနိုင်ငံ ခြေလျင်စစ်သားများကား စစ်စခန်းအတွင်းမှ ညာသံပေး၍ ပြေးထွက်လာကြသည်။ တပ်တစ်ခုလုံး အင်တိုက်အားတိုက်ဖြင့် ထွက်လာခဲ့ကြသော်လည်း သူ့တပ်နှင့်သူ စနစ်တကျ ဖြစ်နေကာ ကောင်းကင်မှ ကြည့်မည် ဆိုလျှင် တိုက်ပွဲဝင်ပုံစံကို ဖော်ဆောင်ထားပြီဖြစ်ကြောင်း တွေ့ရမည်ဖြစ်လေသည်။
လေကိုပစ်ခွင်းလိုက်သည့် မြားတံများ၏ အသံများကို လင်းဝမ်ယွဲ့ အချိန်တိုင်းကြားနေရလေသည်။ ထိုသို့ပစ်လိုက် သော မြားများကြောင့် ဟွန်လူမျိုးတို့ အကျဆုံးရှိကြသော်လည်း လင်းဝမ်ယွဲ့ ချီတက်ရသည့်လမ်းကြောင်းတွင်တော့ ဟွန်လူမျိုးတို့ ကျဆုံးသည့်အရေအတွက်ကား အနည်းငယ်သာရှိပြီး ချီတက်လာသည့် စစ်သားအုပ်ကြီးက ပိုများ လေသည်။ မြားမိုးများကြားထဲတွင် လင်းဝမ်ယွဲ့သည်လည်း သေတော့မည်ကဲ့သို့ အကြိမ်ကြိမ်ကြုံရလေသည်။
မြေပြင်တုန်ခါမှုနှုန်းကား ကြီးမားသည်ထက်ကြီးမားလာသည်။ မြင်းတပ်ကြီး၏ အရှိန်ကြောင့် ဖုန်မှုန့်များမှာ တိမ်တောင်များကဲ့သို့ပင် ဖြစ်နေသည်။ ရန်သူများကား နီးသည်ထက် နီးလာလေပြီ။
"အား..." ကြောက်မက်ဖွယ်အော်လိုက်သံ ထွက်ပေါ်လာခဲ့လေသည်။ ဟွန်လူမျိုးတို့၏ မြင်းတပ်နှင့် လီနိုင်ငံ၏ ခြေလျင်တပ်တို့ စစ်မြေပြင်တွင် ထိပ်တိုက်တွေ့ကြပြီဖြစ်သည်။
လီနိုင်ငံ၏ လှံကိုင်ခြေလျင်တပ်နှင့် ဟွန်လူမျိုးတို့၏ မြင်းတပ်ထိပ်တိုက်တွေ့သည့် ပထမဆုံးအကြိမ်တွင် လင်းဝမ်ယွဲ့အများနှင့်အတူ မပါဝင်ခဲ့ပေ။ သူမလှံကို ကန့်လန့်ဖြတ်ကိုင်ထားကာ အသင့်အနေအထားဖြင့် တိုက်ပွဲကို အာရုံစူးစိုက်နေခဲ့သည်။
လွန်ခဲ့သည့်နှစ်နှစ်အတွင်းတွင် လင်းဝမ်ယွဲ့ ဟွန်လူမျိုးများနှင့် တိုက်ပွဲကြီး ငယ်ပေါင်း ရာနှင့်ချီကာ တိုက်ခဲ့ပြီးပြီ ဖြစ်သည်ကြောင့် ဟွန်လူမျိုးတို့၏ တပ်ဖွဲ့စည်းပုံနှင့် သူမအစောကြီးကတည်းက ရင်းနှီးနေခဲ့ပြီဖြစ်သည်။ ဟွန်လူမျိုး အားလုံးနီးပါး စစ်မြင်းများစီးကြပြီး ဓါးကောက်ရှည်ကို အသုံးပြုလေ့ရှိကြသည်။ အနည်းငယ်သည်သာ လှံကို အသုံးပြုကြလေသည်။ သူတို့အားကုန်သုံးကာ တိုက်ခိုက်လေ့ရှိကြပြီး ပထမဆုံးအကြိမ်ထိပ်တိုက်တွေ့တိုင်း လီနိုင်ငံမှ စစ်သားများ အကျအဆုံးအမြဲတမ်းများလေ့ရှိလေသည်။ ထိုသို့သော အချိန်တွင် မစဉ်စားဘဲ ဇွတ်တိုက်ခိုက်ခြင်းက မိုက်မဲရာကျလေသည်။
YOU ARE READING
စစ်သူကြီးနှင့်မြင့်မြတ်သော သမီးတော် (Translation)
Historical Fictionမိသားစုနှင့် ၁၁၈ ယောက်သော ရွာသားတို့၏ အသက်သွေးကြွေးအတွက် ကလဲ့စားချေနိုင်ရန် အမွှာ မောင်လေး၏ နာမည်ကိုယူကာ ယောက်ျားလေးဟန်ဆောင်ကာ စစ်ထဲဝင်ပြီး ဟွန်လူမျိုးမှန်သမျှ သတ်ရန် ကျိန်ဆိုထားသည့် မိန်းကလေး မိဖုရားခေါင်ကြီး ကံတော်ကုန်ပြီးနောက် အသက် ၁၆ နှစ်ရွယ် သမ...