အခန်း (၆) လေပြည်က လှိုင်းဂယက်ကိုစေခဲ့တယ်

323 51 3
                                    

ဖုန့်ကျောင်နန်းဆောင်ရင်ပြင်ကား အသုဘအခမ်းအနား ဝတ်စုံကို ဝတ်ဆင်ထားသည့် ဒူးထောက်နေသော အပျိုတော်များ အစေခံများဖြင့်ပြည့်နေသည်။ လီနိုင်ငံ၏ မြင့်မြတ်သော သမီးတော်ကြီး လီရှန်းနှင့် အိမ်ရှေ့မင်းသား လီကျူးတို့သည်လည်း အခမ်းအနားပြင်ထားသော ခန်းမရှိ အမွှေးနံ့သာများ ထွန်းညှိထားသော အခေါင်းရှေ့တွင် ဒူးထောက်နေကြသည်။ လီရှန်းနှင့် လီကျူးတို့က ကြေးမီးဖိုထဲသို့ စက္ကူပိုက်ဆံများကို ထည့်ကာမီးရှို့နေကြသည်။ သူမအရှေ့တွင်ရှိသော ကြေးမီးဖိုကို ကြည့်နေသော လီရှန်း၏ အကြည့်များမှာ တစ်စုံတစ်ခုတွင် နစ်မြောနေပုံရလေသည်။ သူမဘာတွေးနေသည်မှန်း ဘယ်သူမှ မသိနိုင်ကြပေ....

" ချူဝမ် (မင်းသားချူ) နှင့် ဖျင်းရန်အိမ်တော်က သခင်လေးတို့ မိဖုရားခေါင်ကြီးကို နောက်ဆုံးဂါရဝပြုဖို့ ရောက်ရှိလာကြပါတယ်"

"အစ်မတော်" လီကျူးက လီရှန်း မတ်တပ်ရပ်နိုင်ရန်ကူညီပေးလိုက်သည်။ မကြာမီတွင် ချူဝမ် လီရွှမ်း နှင့် ဖျင်းရန်အိမ်တော် သခင်လေး လီကျုံးတို့ ခန်းမအတွင်းသို့ ဝင်လာကြလေသည်။

"ရှန်းအာ အစ်ကိုတော် ချူဝမ် ကို နှုတ်ဆက်ပါတယ်"

"လီရွှမ်း အိမ်ရှေ့မင်းသားကို နှုတ်ဆက်ပါတယ်"

"လီကျုံး အိမ်ရှေ့မင်းသားနဲ့ မြင့်မြတ်သော သမီးတော်ကို နှုတ်ဆက်ပါတယ်"

ချူဝမ် လီရွှမ်းမှာ ကြင်ယာတော် လျန်၏သားတော်ဖြစ်ပြီး သက်တော် ၂၅ နှစ်ရှိပြီဖြစ်သည်။ လီရွှမ်းယခုဝတ်ထား သည်က အနက်ရောင် နန်းတွင်းဝတ်စုံဖြစ်သည်။ နှုတ်ဆက်ခြင်းအမှုပြီးသွားသည်တွင် သူကား လီရှန်းနှင့် လီကျူး နှစ်ယောက်လုံးကို ထပ်မံ၍ မကြည့်တော့ဘဲ လီချင်းချန်၏ အခေါင်းနားသို့ တန်းသွားလိုက်ကာ ထုံးစံအတိုင်း ဂါရဝပြုပြီးသည်နှင့် စက္ကူပိုက်ဆံ လက်တစ်ဆုပ်ခန့်ကို ကြေးမီးဖိုထဲသို့ ထည့်လိုက်သည်။ ထို့နောက် ပြန်လှည့်ပြီး လီရှန်း နားသို့ လျှောက်သွားလိုက်ကာ အေးစက်သောအသံဖြင့် " ကံကြမ္မာဆိုတာ အမြဲပြောင်းလဲနေတာမို့ ညီမတော် အရမ်းကြီး ဝမ်းနည်းပူဆွေးနေဖို့မလိုပါဘူး။ ဒီမင်းသားမှာ လုပ်စရာအလုပ်တွေရှိသေးလို့ အကြာကြီး မနေတော့ဘူး။" ထို့နောက် ဖျင်းရန်သခင်လေး လီကျုံးဘက်လှည့်လိုက်ကာ " ဒီမင်းသားကို ခဏနေ ဟွာချင်း နန်းဆောင်မှာ လာတွေ့ပါ" ဟုပြောလိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ခန်းမထဲမှ အလျင်အမြန်ထွက်သွားလိုက် သည်။

စစ်သူကြီးနှင့်မြင့်မြတ်သော သမီးတော် (Translation)Where stories live. Discover now