အခန်း (၁) ဝမ်ယွဲ့မှသည် ဖေးရှင်းအဖြစ်သို့

425 18 0
                                    

သူ့ခြေထောက်အောက် မြေကြီးကား သွေးများဖြင့် ဖုံးလွှမ်းနေပြီး ရွာထဲရှိ စမ်းကြောင်းလေးမှာလည်း သွေးနီရောင်ဖြင့် ရဲနေချေပြီ။

အလောင်းများက မြေပြင်တွင် ပြန့်ကြဲနေကြသည်။ သူရင်းနှီးနေသော ထိုအလောင်းတိုင်း၏ မျက်နှာကား ရှံ့မဲ့နေပြီး သွေးများကလည်း စွန်းပေနေလျက် ရှိသည်။ ရွာခြံစည်းရိုးမှာလည်း ပြိုကျလုနီးနီးဖြစ်သည်။ ရွာတစ်ဝက်ခန့်ကား မီးလောင်မြေအဖြစ်ပြောင်းလဲနေပြီး သွေးညှီနံ့တို့မှာလည်း လေထဲတွင် ပြန့်လျက်ရှိလေသည်။

လင်းဝမ်ယွဲ့ သူမအဖေ၏ အလောင်းကို ရှာတွေ့ချိန်တွင် သူမအဖေလက်မှာ ရေထမ်းပိုးကို တင်းကြပ်စွာ ဆုပ်ကိုင်လျက်သားရှိသည်။ မည်မျှတင်းကြပ်သနည်းဟူမူ အသက် ၁၄ နှစ်အရွယ် လင်းဝမ်ယွဲ့လေး အားအပြည့်နှင့် ဆွဲဖြုတ်၍ မနိုင်သည်အထိပင် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးတွင်တော့ သူမအဖေကို ထမ်းပိုးနှင့်အတူသာ မြှုပ်နှံလိုက်ရတော့သည်။ သူမ အမေနှင့် မောင်လေးအလောင်းကိုလည်း အတူတကွ မြှုပ်နှံ့ခဲ့လေသည်။

သူမ အမေ....။ သူမအမေကိုတော့ ရွာနားက မြေသားလမ်းပေါ်တွင် တွေ့ခဲ့ရသည်။ သူမအမေကား ၁၄နှစ် အရွယ်သူမမောင်လေးကို တင်းကြပ်စွာဖက်လျက်သား...သို့သော်လည်း သူတို့နှစ်ယောက်လုံးကား လှံဖြင့် အတူတကွ ထိုးသတ်ထားခြင်း ခံထားရလေသည်။

လင်းဝမ်ယွဲ့အနေဖြင့် လက်နက်တစ်ခုက အသားစိုင်ကို ဖြတ်သွားသည့်အသံကို ပထမဆုံးအကြိမ်ကြားဖူးရသည်က သူမ အမေနှင့်မောင်လေး ကိုယ်ကို ထုတ်ချင်းပေါက်နေသော လှံကို ဆွဲနုတ်လိုက်စဉ်ဖြစ်လေသည်။

အား.........လင်းဝမ်ယွဲ့ ကြောက်လန့်တကြား အော်ကာ သစ်သား အိပ်ရာလေးပေါ်မှ နိုးလာခဲ့သည်။ သူ့ဘေးပတ်လည်တွင်တော့ ဟောက်သံများက တခေါခေါ ဖြစ်နေကြသည်။ လင်းဝမ်ယွဲ့ဘေးနားတွင် အိပ်သော လင်းယုတစ်ယောက်သာ သူ့အော်သံကြောင့် နိုးလာလေသည်။ ထိုသူကား သူ့မျက်လုံးကို ပွတ်လိုက်ကာ... "အစ်ကိုရှင်း အိပ်မက်ဆိုးတွေ မက်ပြန်ပြီလား" ဗလုံးဗထွေးရေရွတ်ရင်းက ပုံမှန် ဖြစ်ရိုး ဖြစ်စဉ် မထူးခြားသည့်အလား ဟိုဘက်လှည့်ကာ ပြန်အိပ်သွားလေသည်။

စစ်သူကြီးနှင့်မြင့်မြတ်သော သမီးတော် (Translation)Donde viven las historias. Descúbrelo ahora