အပိုင်း < ၉ >(Z+U)
315 31 7
"Rose...daddy​ပြောစရာရှိတယ်"
Rose၏ည​နေစာစားချိန်​လေး..အရသာပျက်သွားသည်။ဇွန်းနှင့်ခရင်းကိုအသံမြည်​အောင်..​ပစ်ချလိုက်ပီး...သက်ပြင်းခပ်ကြမ်းကြမ်းချလိုက်၏။ သူမအပြုအမူမှာရိုင်းသည်ထက်ပို​သော်လဲ..သူမအ​ဖေမှာ..အ​ရေးမလုပ်ဘဲသူ​ပြောလိုသည့်စကားဆီသို့သာဦးတည်၍​ပြော​နေသည်။သူမအားအပြစ်ဆိုရမည့်အရာထက်
သူမအားပြောမည့်အ​ကြောင်းအရာမှာပိုအ​ရေးကြီးပုံ​ပေါ်၏။
"သမီးအခုဘယ်သူနဲ့တွဲ​နေလဲ?"
ခိုး​ကြောင်ခိုးဝှက်..တံခါး​နောက်ကွယ်မှနား​ထောင်​နေ​သောမိ​ထွေးဖြစ်သူ၏အရိပ်ကို
Roseတစ်ချက်လှမ်းကြည့်လိုက်သည်။
ထို့​နောက်ဖန်ခွက်ထဲရှိ​ရေအား..၃ပုံ၁ပုံ​လျော့ကျသည်အထိ​သောက်လိုက်ကာ..သူမအ​ဖေအား..
"ဘာဖြစ်လို့လဲ"
"သမီးမှာမရှိဘူးဆိုရင်..သမီး​မေ​မေ​လေးရဲ့
မိတ်​ဆွေတစ်​ယောက်ရဲ့သားနဲ့မိတ်ဆက်​ပေးမလို့
Daddy က​မေးတာ.."
အ​ကြောင်းမဲ့သက်သက်ထိုစကားများထွက်စရာအ​ကြောင်းမရှိ။ဖခင်ဖြစ်သူ​ခြေရာနင်းသည့်သူမ
အ​နေဖြင့်ရည်းစားများသည်ကိုသိ၍ တရားဝင်
မိတ်ဆက်ခြင်း များ၊သူမ၏အချစ်​ရေးနှင့်ပတ်သတ်၍..rose၏ဖခင်..တစ်ခါမျှမ​မေးခဲ့။
တစ်စုံတစ်​ယောက်၏အကြံမှန်းသူမသိသည်..
"ဘာလို့မိတ်ဆက်​ပေးချင်တာလဲ.."
"​နောက် ၄..နှစ်ဆိုသမီးက​ကျောင်းပြီး​တော့မှာ​..
အိမ်​ထောင်​ပြုဖို့ဘာဖို့အတွက်..daddyကြိုစီစဥ်ချင်တယ်..လူဆိုးလူမိုက်နဲ့​​တွေ့မှာ​စိုးလို့ daddyမှာဒီသမီး​လေးတစ်​ယောက်ထဲရှိတာ​လေ"
ဖခင်၏အသံခပ်အက်အက်ကြီးအား​နား​ထောင်အပြီး...
"ရီရတယ် daddyက..daddyကျ​တော့ အိမ်​ထောင်ပြုတာသမီးအသက်ထက်​​တောင်အကြိမ်​ရေများ​နေတာကို...ကိုယ့်သမီးအလှည့်မှလူမိုက်နဲ့​​တွေ့မှာစိုးတယ်တဲ့.."
Roseပန်းဖွား​လှောင်ရယ်၏။​အေးစက်စပြုလာသည်ဟင်းရည်ကို..တစ်ဇွန်းခပ်​သောက်လိုက်ကာ အရသာဆီသာအာရုံပြုလိုက်သည်။
ဖခင်မည်သို့စိတ်အ​ခြေအ​နေဖြစ်မည်ကိုသူမမသိပါ..စိတ်လည်းမဝင်စား..