အပိုင်း < ၄ >[Z+U]
1.6K 145 9
"က​လေး~ rose !!ကိုကို့ကိုကြည့်​ပါဦးကွာ...!!"
နယ်​​ကျော်​​​ရောက်​လာတဲ့သူ့လက်​​တွေက
ကျွန်​မပုခုံး​ပေါ်မှာ...။
သူဆိုတာက E major ရဲ့ king ပြုတ်​​လေး
ကျွန်​မချစ်​သူ ​သတိုး​မောင်​။
ဟုတ်​ပါတယ်​...ကိုကိုက third year ဆို​ပေမဲ့
First yearတုန်းက the whole kingဆိုတဲ့
ဂုဏ်​နဲ့​ကောင်​မ​လေး​တွေကြား​ ​ရေပန်းစား တဲ့သူပါ...
အသားလေးကဖြူတဲ့အပြင်​...အ​ပြောအဆိုအ​နေအထိုင်​ကပါ ယဉ်​​ကျေးတဲ့အတွက်
သားလိမ္မာအဖြစ်​ သမီးရှင်​များကသမက်​​တော်​ချင်​ကြတယ်​..။ဒါ​ပေမဲ့..အဲထဲမှာကျွန်​မမိသားစု​တော့မပါဘူး...။
အမှတ်​မထင်​​တွေ့စုံမှုက​နေ သူ့ဘက်​ကလိုလိုလားလားချစ်​ခွင့်​ပန်​လာ​တော့
လက်​ခံမိတယ်​။ ချစ်​လားလို့​မေးရင်​~ငြင်းမိမှာ​သေချာသည်​။
ဒီအတိုင်း ရည်းစားတစ်​​ယောက်ထားချင်​တဲ့
စိတ်​ထဲမှာသူ့ကို​ခေတ္တခဏဖြည့်​ထားရုံဘဲ။
အချိန်​တန်​ရင်​၊ကျွန်​မပျင်းသွားရင်​...
သူ့နဲ့လမ်းခွဲစကားကိုကျွန်​မ​သေချာ​ပေါက်​​ပြောမှာဘဲ...ပြီး​တော့...အဲ့​နေ့ဟာ..ဒီ​နေ့ဘဲ...။
"က​လေးစိတ်​ဆိုး​နေတာလား? ဒါဆို ~
ကိုကိုစိတ်​ဆိုး​ပြေ​အောင်​​ချော့မယ်​​လေ..!!"
အနီးကပ်​လာတဲ့သူ့နှုတ်​ခမ်းကိုလက်​ဖ၀ါးနဲ့ကာလိုက်​ပြီး..ပြုံးလိုက်​သည့်​ Rose ပန်းဖွား
ကို​ကြောင်​၍သာ သတိုး​မောင်​ကြည့်​​နေသည်​။
"​နေပါ​စေ ကိုကိုရာ...ကိုကိုက​လေးမ​တွေနဲ့သာ
ပျော်​​အောင်​​နေပါ!! "
ကျုံ့သွားသည့်​ခပ်​တန်းတန်းမျက်​ခုံးနှစ်​ဖက်​နှင့်​ နီရဲ​နေသည့်​မျက်​နှာက သတိုး​မောင်​၏
ဒေါသထွက်​​နေသည့်​စိတ်​ခံစားချက်​ကို​ဖော်​ပြ​နေသည်​။
"က​လေးရာ...ဘယ်​က​ကောင်​မ​လေး​တွေလဲ?
ကိုကို့ကိုသ၀န်​တို​နေတာလား..!!"
တဟားဟားနှင့်​သာရယ်​လိုက်​ချင်​သည်​။
သ၀န်​တိုခြင်းဆိုသည်​မှာroseဘ၀တွင်​ရှိခဲ့​​ချေ။
ရည်းစား​ပေါင်း​သောင်း​ ​ခြောက်​​​ထောင်​ထားသည့်
သူမဘ၀တွင်​ ဘယ်​​ယောက်ျားသားများမှသ၀န်​တို​အောင်​မစွမ်း​ဆောင်​နိုင်​ခဲ့။ ပြတ်​မည့်​စကားကို
သူမကသာစ​ပြောသည့်​အတွက်​ သံ​ယောဇဉ်​ဆိုသည်​လည်းသိပ်​မထားနိုင်​။