အပိုင်း < ၆ >[Z+U]
548 56 10
ဧည့်သည်များပြန်သွားသည့်​နောက်..
ညစာထမင်းစားဝိုင်းတွင်...တိတ်ဆိတ်ခြင်းသည်
ကြီးစိုး​နေ၏။
ပုံမှန်အ​ခြေအ​နေအားဖြင့်..သူမ၏ဖခင်ကိုယ်တိုင်မှာထမင်းစားဝိုင်းတွင်..စကားများသည်ကိုသိပ်မကြိုက်​ချေ။
သို့​သော်..ယခုမှာ..သူမစိတ်ထဲတွင်စိုးရိမ်စိတ်ကြီးစိုး​နေ၏။
​​ကြောက်ရသည့်အ​ဖေကို ​မောင်ဖြစ်သူကျောင်းမတက်ချင်သည့်အ​ကြောင်း​ဖွင့်​ပြောဖို့
ရန်..သူမအတွက်တကယ်ခက်ခဲသည်။
အရိပ်တကြည့်ကြည့်နှင့်မျက်လုံးချင်းစုံတိုင်း
အရိပ်အ​ခြေပြ​နေသည့်​မောင်ဖြစ်သူကိုလဲ
ဆက်၍စိုက်မကြည့်ချင်​တော့။
ထို့​ကြောင့်သူမ စကားတစ်ခုကိုအစပြုလိုက်သည်။
"​ဖေ...​ဖေကြီး"
သူမအသံတုန်တုန်ရီရီထွက်လာသည့်ကိုကြားသည်နှင့်ဖခင်ဖြစ်သူ..သူမထံသို့အကြည့်ကိုလွဲလိုက်သည်။
"​ပြော"
ဖခင်၏သြဇာအာဏာသံအပြည့်ဖြင့်
ပြန်ထူးသည့်အသံကိုကြားရလျှင်..
သူမ​ပြောမည့်စကားများရပ်တန့်သွားသည်။
"ဘာ​ပြောမလို့လဲသမီး"
နှင်းဆီ​သွေးမူပျက်​နေသည်ကိုမိခင်ဖြစ်သူမြင်ရ၍ စကားပြန်စ​ပေးသည်။
"​မောင်​လေးက...​မောင်​လေးက..."
စကားသည်​ရှေ့​တော်ရုံမ​ရောက်​တော့...။
"ဆက်​ပြော​လေ..ဘာဖြစ်လဲ"
နှင်းဆီ​သွေး တံ​ထွေးကိုအသာအယာမြိုချသည်။
သူမစကားတစ်ခွန်းမှားသည်နှင့်ဖခင်၏..
အငြိုငြင်ခံရနိုင်သည့်အတွက်ထိန်း​ပြော​နေသည်။
"အဆင့်...အဆင့်ကျသွားလို့တဲ့​ဖေကြီး"
​ရေ​သောက်ရင်းနား​ထောင်​နေသည့်ဖခင်၏
မျက်ခုံးများကျုံ့သွားသည်။
​ဖန်ခွက်ကိုတင်းတင်းကျပ်ကျပ်ကိုင်ရင်း သားဖြစ်သူကိုကြည့်သည်။
"ဟုတ်လား.."
ဖခင်အ​မေးကို​..​မောင်ဖြစ်သူ​ခေါင်းငုံ့ကာ..
မျက်လုံးများကစားကာနား​ထောင်​နေ၏။