အပိုင်း < ၃ >[Z+U]
1.6K 143 12
"နှင်းဆီ​သွေး..."
နောက်​ဆုံး​တော့~သူမ၏သူငယ်​ချင်းအရင်း​ခေါက်​​ခေါက်​ ဖြစ်​သည့်​ မ​နေ့တစ်​​နေ့ကမှ
ရန်​ပွဲကျင်းပခဲ့သည့်​ နဒီ​ရောင်​ခြည်​တစ်​​ယောက်
ပြုံးဖြီးဖြီးနှင့်​အနားတွင်​လာထိုင်​သည်​။
"စားပါဦးလား? အချစ်​က​လေး!!!"
ကြွပ်​ကြွပ်​အိတ်​ တစ်ထပ်​၊​ဖော့တစ်​ထပ်​နှင့်
အထပ်​ထပ်​ကာထားသည့်​ ရခိုင်​မုန့်​တီသုပ်
ကို ​လက်​နှစ်​ဖက်​ဖြင့်​တရိုတ​သေပင့်​ကာ
လာ​ကျွေးသည်​။
"​နေပါ​စေဟာ..ငါအိမ်​မှာ​မေ​မေ​ကျွေးတဲ့
ပဲပြုတ်​နဲ့ထမင်းဆီဆမ်းစားပြီးပြီဟ..!!
နင်​ဘဲစား~မနက်​​စော​စောအစပ်​စားလို့
နင်​ဗိုက်​နာ​နေဦးမယ်​..!! ​ဘေးနားမှာလဲ
ကော်​ဖီခွက်​နဲ့ဆို​တော့..နင်​​ဒါစားပြီးတာနဲ့
သောက်​မယ်​ဆိုတဲ့သ​ဘော​ပေါ့.."
ပြန်​တည့်​မည်​ဆိုပြန်​​တော့လည်း
အချင်းချင်း​တောင်းပန်​စရာမလိုခဲ့​ချေ။
သူငယ်​ချင်း​တွေ​လေ~
မုန်းလို့လည်းမရ~ချစ်​လွန်းလို့ခက်​ဆိုတာမျိုး​ပေါ့
စားပွဲ​ပေါ် တံ​တောင်​ဆစ်​ တင်​ထားသည့်
ရောင်​ခြည်​တစ်​​ယောက်​ ​ခန္ဓာကိုယ်​ကို
နည်းနည်း​ရွေ့ကာ ​ကော်​ဖီခွက်​ကိုအသာ​လေးကာလိုက်​၏။မသိရင်​ ​မော်​ဒယ်​မမများ
Post​ပေးသလို​ပေါ့...
"နင်​ကလဲ..ဟိဟိ..ဟုတ်​တယ်​!!"
"အစား​လျော့မမ...!!"
"နှင်းဆီ​သွေး..ငါ့ကိုစိတ်​ဆိုး​နေ​သေးလား..!!"
"​အေး...!!"
မှုန်​ကုတ်​ကုတ်​မျက်​နှာနှင့်​ နှုတ်​ခမ်းတစ်​​တောင်​​လောက်​​ထော်​ထားကတည်းက သူမ၏အနက်​​ရောင်​​လေး​ထောင့်​ကွက်​​မျက်​မှန်​​အောက်​က
မျက်​၀န်း​မှေး​မှေး​လေး​တွေ၏အဓိပ္ပါယ်​ကို
ရောင်​ခြည်​တစ်​​ယောက်​မဖတ်​တတ်​မှန်းးသူမ သိသည်​။
"​နင့်လိုစာအုပ်​ကြီး​တွေကို..ဒီလိုအ​ချစ်​မျိုး
ရှင်းပြရတာခက်​မှန်းငါသိပါတယ်​ဟာ..!!
ဒါ​ပေမဲ့..နင်​ထင်​သလိုမဟုတ်​ဘူးဟ!!
နင်​..ဟို​နေ့က​ပြော​နေ၊ဆို​နေပုံအရ..
နင်​လက်​မခံမှန်းသိတယ်​..ဒါ​ပေမဲ့.."