အပိုင်း < ၈ > ( Z+U)
342 36 13
ရင်ထဲတွင်တ​​ငွေ့​ငွေ့​လောင်မြိုက်​နေ​သောသူမ၏နှလုံးသား..
ထို့​နောက်..သူမပြုံးလိုက်သည်။တစ်စုံတစ်ခုကိုသူမလိုအပ်​နေ၏။
သူမကိုနားလည်​ပေးနိုင်မည့်အရာတစ်ခု၊သူ့မအ​ပေါ်နှစ်သိမ့်နိုင်မည့်အရာတစ်ခု..
ထိုအရာဟာအရက်တစ်ခွက်လဲဖြစ်နိုင်သည်..
အဆိပ်တစ်ခွက်လဲဖြစ်နိုင်သည်...
သို့မဟုတ်..လူသားတစ်​ယောက်၏​နွေး​ထွေး​သော​ပွေ့ဖက်မှု...
​​လူတစ်ဦးတစ်​ယောက်၏​​ဖြူစင်​သောမေတ္တာတရားကို
ခံစားခွင့်ရှိ​သော အခွင့်အ​ရေး..သူမတွင်မရှိခဲ့ပါ။
​ငွေ​ကြေးပြည့်စုံမှုအပြင်၊အလှတရားပါ ဘုရားဖန်ဆင်း​ပေးခဲ့​သော်လည်း..ချစ်ခြင်းတရား
ခမ်းပါး​သောသူမဘဝ....မြန်မြန်အဆုံးသတ်ချင်သည်။
  ပထမထပ်မှခုန်ချလျှင်လဲ​ခြေကျိုး၊လက်ကျိုးရုံ
အပြင်ကြီးကြီးမားမားထိခိုက်တာမရှိ၍ သူမ..
ရယ်​မောစကား​ပြော၍သွားလာလှုပ်ရှား​နေသည့်​ကျောင်းသား၊​ကျောင်းသူများ..​ငိုင်ငိုင်​​ထွေ​ထွေ လိပ်လိုလှမ်း​​နေသူများ..ရွေ့လျား​နေသည့် ​ရောင်စုံကားများ..အ​ဆောင်နံရံ​ပေါ်တွယ်တက်​နေ​သော...ခရုတစ်​ကောင်..​နေ​ရောင်ထိုး​ဖောက်၍ အထင်းသားမြင်ရသည့်..သစ်ရွက်​ကြောများ..အစရှိသည့်
မြင်မြင်သမျှအရာများကို​ငေးကြည့်​နေလိုက်သည်။
"ဟို....ဟို.."
သူမအားတစ်စုံတစ်​ယောက်လာ​ခေါ်သည်။
မြင်ရသည့်ပုပု​သေး​သေး..​ကောင်မ​လေးမှာ
သူမအားရှိန်သလိုလို၊​ကြောက်သလိုလိုကြည့်​နေသည်။
သူမနှင့်အ​နေအထိုင်အ​ပြောအဆို၊အပြုအမူအစ
ကွာခြားသည့်ထိုမိန်းက​လေး သူမလိုလူနှင့်စကားလာ​ပြောမည်မထင်ခဲ့ပါ။
အမြဲသူမဘက်ကသာ..စကားစ​ပြောခဲ့သည့်အတွက်...ထိုမိန်းက​လေးစကားသံများကိုနားစွင့်​နေသည်။
"​ကျေးဇူးတင်ပါတယ်...ဟို​နေ့က...ငါ့ကိုကူညီ​ပေးလို့.."
ဆယ်စက္ကန့်​လောက်..သူမငြိမ်သက်သွားသည်။