အပိုင်း < ၂ >[Z+U]
2.1K 164 7
"​ရောင်​ခြည်​​ရေ...နည်းနည်းပါးပါး​လေးလည်း
အာရုံစိုက်​ပါဦးဟ...!!"
မနက်​​စော​စော အကုသိုလ်​၀င်​ထားသည့်
နှင်းဆီ​သွေးအတွက်​ phone တစ်​လုံးကို ပြုံးပြုံးကြီးစိုက်​ကြည့်​​နေရင်း တခစ်​ခစ်​ရယ်​​နေသည့်​ သူမ၏သူငယ်​ချင်း နဒီ​ရောင်​ခြည်​မှာ
ဒေါသပုံထရာ​နေရာဖြစ်​လာသည်​။
"ဟယ်​...နှင်းဆီ​သွေး...!! ဘယ်​တုန်းက​ရောက်​လာတာလဲ? နင်​​ပြော​တော့ အ​ဆောင်​​ရှေ့​ရောက်​ရင်​ ဖုန်းဆက်​မယ်​ဆို!!"
ရောင်​ခြည်​တစ်​​ယောက်​ ဆူပုတ်​​နေသည့်​နှင်းဆီ​သွေးမျက်​နှာကို ကြည့်​ရင်း သတိထား​မေးလိုက်​သည်​။
မနက်​ကအဖြစ်​အ​ပျက်​​ပြောပြလို​သော်​လည်း
အမှန်​တကယ်​သူမနှင့်​မဆိုင်​သည့်​ကိစ္စဖြစ်​၍
နှင်းဆီ​သွေး ​ဒေါသကိုမြိုချကာ ခုံတန်းတွင်​၀င်​ထိုင်​လိုက်​၏။ ထမင်းချိုင့်​ကို စားပွဲ​အောက်​တွင်
ထိုးထည့်​ထားလိုက်​ပြီး နှင်းဆီ​သွေး သူမအားစိုက်​ကြည့်​​နေသည့်​ ​ရောင်​ခြည်​ကို မျက်​ခုံးပင့်​ပြလိုက်​သည်​။
"နှင်းဆီ​သွေး..နင့်​အိမ်​နဲ့ရန်​ဖြစ်​လာတာလား..?"
လုံးဝမဖြစ်​နိုင်​သည့်​ကိစ္စတစ်​ခုပါ...
နှင်းဆီဂုဏ်​​သွေးသည်​ သမီးကြီးတစ်​ဦးဖြစ်​သည့်​အပြင်​မိဘကိုရို​သေသည်။ဘာသာတရားကိုင်းရှို့င်းသည်​။ထို့အပြင်​ သူမလုပ်​ရပ်​ဆုံးဖြတ်​ချက်​အားလုံးကို​ အမှား၊အမှန်​​ဝေဖန်​ပိုင်းခြား​ပေးသည့်
ဖခင်​ကို​လေးစားရို​​သေသည့်​အတွက်
တစ်​ခါမျှပင်​ သူမမိဘကိုအသံမာမာ၊စကားလုံးရိုင်းရိုင်းဖြင့်​ပြန်​ ခွန့်​တုံ့မပြန်​ခဲ့​ချေ။
ဖုန်းမျက်​နှာပြင်​ရှိ လှုပ်​ရှားမှုမှာ​ရောင်​ခြည်​အတွက်​နှင်းဆီ​သွေး၏​ဒေါသ​​နောက်​ကွယ်​ဇာတ်​လမ်း​လောက်​စိတ်​၀င်​စားဖွယ်​မ​ကောင်းဟုထင်​ရသည်​အထိနှင်းဆီ​သွေးကို ​မေး​ထောက်​ပြီး သူမ၏
မျက်​​တောင်​ရှည်​ရှည်​များက ပိုမို​လေးနက်​​နေသ​ယောင်​ဖြင့်​​မေး၏။