အပိုင်း < ၁၁ >(Z+U)
369 32 8
​ပျော်ရသည်~သို့​​သော်ငိုရသည်။
"မနာလိုစရာ​ကောင်းလိုက်တာ.."
သူမ..​ပြောသည့်စကားကို ဒရိုင်ဘာဦး​လေးကြီးကြား၍ ​မေးသည်။
"ဘာကိုလဲသမီး?"
Rose​ခေါင်းခါပြ၏။အိတ်ထဲတွင် အတင်းထိုးထည့်ထား​သော တစ်ရှုးစကိုထုတ်ကာ
"ဦး​လေး~လူတစ်​ယောက်ကို..ကိုချစ်​ကြောင်းကြိုက်​ကြောင်းသိ​စေချင်ရင်..ဒါမှမဟုတ် ကိုယ့်ကိုလက်ခံ​စေချင်ရင် ဘယ်လိုလုပ်ရမလဲ"
မီးပွိင့်တွင် အစိမ်း​ရောင်အချက်ပြမီး သို့မ​ပြောင်းခင် စက္ကန့်၄၀​လောက်လို​သေးသည်။
ဒရိုင်ဘာဦး​လေးကြီးမှ..စဥ်းစား​နေသ​ယောင်
အပြင်သို့တစ်ချက်လှမ်းကြည့်၏။
"ဂရုစိုက်ပြရမယ်ထင်တယ်သမီးရဲ့~တစ်ဦးက​စေတနာ..တစ်ဦးက​မေတ္တာ​ပေါ့...သမီးကဘယ်​ကောင်​လေးကိုသ​ဘောကျလို့လဲ?"
တလှိမ့်လှိမ့်​ရွေ့သွား​သော ကား​လေးနှင့်အတူ
နှုတ်ဆိတ်​နေ​သောrose ။
"ကိုယ့်ဘက်ကအရင်စချစ်ရမယ်​ပေါ့"
"အင်းအဲ့လိုသ​ဘော​ပေါ့.."
Roseလက်ထဲရှိတစ်ရှူးစ​လေးကို အ​သေအချာ​ခေါက်ကာပြန်သိမ်းထားလိုက်သည်။
*အချစ်ခံလိုပါသည်..ထို့​ကြောင့်စချစ်​တော့မည်*
​==============
​နွေရာသီ​ကျောင်းပိတ်ရက် ၂လအတွင်း နှင်းဆီ​သွေးအိမ်သို့ ၆ကြိမ်ထက်မနည်းရောက်တတ်သည်။
နှင်းဆီ​သွေး မိခင်၊​မောင်ဖြစ်သူအထိမျက်မှန်းတန်း​နေ​သော်လဲ နှင်းဆီ​သွေးဖခင်ကိုမ​တွေ့ဖူး​သေး။
"ထူးဆန်းတယ်ဟ~အစက နင့်ကိုကြည့်မရဘူး
အခုကျ​တော့နင်နဲ့​တော်​တော်ခင်သွားပြီ"
လက်ထဲရှိ​နေကြာ​စေ့အခွံများကို သတင်းစာ​​ဟောင်း တစ်ခု​ပေါ်သို့တင်လိုက်သည်။
Roseပြုံးလိုက်၏။ထို​စာ​ခြောက်ရုပ်​လေးဟာ
သူမကိုကြည့်မရသည်တဲ့လား။
"ဘာလို့တုန်း"
လက်ထဲရှိခွာပြီးကာစ ​နေကြာ​စေ့များကို
နှင်းဆီ​သွေးလက်ထဲထည့်​ပေးသည်။
You've reached the end of published parts.
⏰ Last updated: Apr 29 ⏰
Add this story to your Library to get notified about new parts!