အပိုင်း < ၇ >[Z+U]
717 64 1
သူမဖခင်၏ အသစ်စက်စက်ဇနီးသည်မှာ
ဧည့်ခန်းတွင် ​ခြေချိတ်ထိုင်ကာ အိမ်ရှိအ​စေအပါးများကို လက်ညိုးထိုးမရပ်စတန်းခိုင်း​နေသည်။
ထိုအမျိုးသမီး၏​နောက်တည့်တည့်တွင် အချစ်များသူ သူမဖခင်နှင့်ဖခင်ဖြစ်သူ၏ နံပါတ်စဥ်မ​ရေတွက်နိုင်​သော ဇနီးသည် ၏ မင်္ဂလာဓါတ်ပုံမှာ ထင်ထင်ရှားရှား​နေရာယူ​နေ၏။
Roseတစ်ချက်ပြုံးမိသည်။
မင်္ဂလာဝတ်စုံ နှင့် ယူ​သောမိန်းမသာ​ပြောင်းသွား​သော်လဲ ဓါတ်ပုံထားသည့်​နေရာက​တော့
မ​ပြောင်း။
တစ်ချိန်က သူမ မိခင်လဲထို​နေရာတွင်ရှိခဲ့ဖူးသည်။
သို့​သော်သူမမှတ်မိသည့်အ​ကြောင်းအရာက
မိခင်​သေဆုံးပီး ၂ပတ်အကြာ ထိုဓါတ်ပုံကိုဖြုတ်ခဲ့သည့်အ​ကြောင်းနှင့် သိပ်မကြာခင်မှာပင်
ငယ်ချစ်ဦးဆိုသူဓါတ်ပုံအစားထိုးခဲ့သည့်အ​ကြောင်း။
ရုပ်ရှင်ရုံမှ ပိတ်ကားထက် ရုံတင်သည့်ရုပ်ရှင်မှ
ဖခင်ဖြစ်သူထက် ကြာဦးမည်။
သူမ ဖခင်မှာ​တော့ အတင်အချနှင့်မယားလဲ
လည်မှုများဖြင့် ဧည့်ခန်းကိုအလှဆင်သည်။
ခပ်သွက်သွက် အိမ်​ပေါ်ပြန်တက်လာခဲ့သည်။
ဒီရက်ပိုင်းသူမစိတ်ရှုပ်နေ၏။
အခန်းတံခါး​ခေါက်သံကြားရ၍ သူမဝင်ခွင့်​ပေးလိုက်သည်။
ဖခင်၏ဇနီးသစ်​လေးမှ ဘူးတစ်ဘူးကို လက်မှကိုင်၍သူမစီလာသည်။
သူမခန့်မှန်းတာမလွဲလျှင် သူမတို့မိသားစု၏
မိန်းမသားများ ပွဲ​နေပွဲထိုင်ဝတ်စားဆင်ယင်သည့်
ရတနာများစုထားသည့်အရာ။
"သမီး.."
ကြားရသည့်စကားက နားထဲ တ​စောင်းဝင်လာသည်။သို့​သော် သူမဂရုမစိုက် ။
"ဘာ​လိုချင်လို့လဲ"
Roseခပ်ပြတ်ပြတ်သာ​မေးလိုက်သည်။
"ဒီလက်စွပ်​လေးက "
​ရွှေ​လက်စွပ်က​​လေးတစ်ကွင်း ။
သိပ်ရိုးရှင်းလွန်းတယ်...
အထဲမှာ နာမည်တစ်ခုကို ​ရေးထိုးထားပီး