အပိုင်း < ၁ >[Z+U]
3.8K 203 39
မိမိကိုယ်​ကို ​လေးစားခြင်းသည်
အောင်​မြင်​မှု၏ အုတ်​မြစ်​ ဖြစ်​သည်​။
ဆရာ​ဖေမြင့်​၏ စာအုပ်​​ကောင်းများထဲမှ
တစ်​ခုဖြစ်​သည့်
ကိုယ့်​ထူးကိုယ်​ချွန်​သမားအတွက်​ လက်​စွဲစကားများ
ဆိုသည့်​ ခပ်​ပါးပါးစာအုပ်​​လေးကို ​​အနက်​​ရောင်​​လေး​ထောင့်​ကွက်
မျက်​မှန်​ကြားထဲမှ စိတ်​၀င်​တစားဖတ်​ရင်း
အနီးအနားပတ်​၀န်းကျင်​​ပြောင်းလဲမှုကိုပင်​ သတိမထားမိခဲ့​ချေ။
ရန်​ကူန်​မြို့ YBS BUS ကားအသစ်​​စက်​စက်​လေးမှ အဲကွန်း​လေ​အေး​ကြောင့်
သူမလို​အေး​ဆေးတည်​ငြိမ်​သူအတွက်
အိ​နြေ္ဒမပျက်​ စာဖတ်​နိုင်​သည်​။
မိုးအကုန်​ ​ဆောင်းအကူး ရာသီဥတု​ပြောင်းလဲချိန်​ဖြစ်​​သော်​လည်း ရန်​ကုန်သည်​ ပူအိုက်​စမြဲပင်​။
မနိုင်​မနင်းအထုတ်​​တွေသယ်​ရင်း ​ကား​ပေါ်သို့
တုန်​တုန်​ရီရီတတ်​လာ​သော အဖွားတစ်​​ယောက်​ကိုမြင်​၍ သနားကျင်​နာ ၊ ယဉ်​​ကျေး​သော မြန်​မာလူမျိုးတို့၏ ပင်​ကိုယ်​စိတ်​အတိုင်း
အလိုအ​လျှောက်​​နေရာဖယ်​​ပေးသည်​။
"အဖွားထိုင်​ပါ.."
ယဉ်​​ကျေး ပျူငှါ​သော မိန်းက​လေး၏
မျက်​လုံး​လေးများ​မှေးစက်​သွားသည်​အထိ
နွေး​ထွေး​သော အပြုံး​ကြောင့်​ အဖွားအိုလည်း
မငြင်းရက်​။
"​ကျေးဇူးတင်​ပါတယ်​ ​မြေးရယ်​..ငါ့​မြေး​လေး ဘုန်းကြီးလို့အသက်​ရှည်​ပါ​စေ.."
အဖွား၏ ​စေတနာနှင့်​ ဆု​တောင်းစကား​​ကြောင့်
ထိုမိန်းက​လေး၏ အပြုံးမှာ ပို၍​လေးနက်​သွားသည်​။
"​ပေး​~ ​မြေး​လေး..အဖွားကိုင်​ထား​ပေးမယ်​"
ခြင်း​တောင်းထဲတွင်​ ထမင်းချိုင့်​ ၊ စာအုပ်​ ၊ ထီး
ရောထည့်​ထားသည့်​အတွက်​ လူငယ်​ဖြစ်​သည့်
သူမပင်​ ကိုင်​ရသည်​မှာ ​လေးလွန်းသည်​။
"ရပါတယ်​အဖွား..သမီး..အဆင်​​ပြေပါတယ်​"
အမှန်​တကယ်​ဆိုလျှင်​ သူမအဆင်​မ​ပြေပါ။
လက်​တစ်​ဖက်​က မမှီမကမ်း တန်းကိုကိုင်​ထားပြီး တစ်​ဖက်​မှာ ခြင်းတစ်​လုံးကို မနိုင်​မနင်း
ကိုင်​ထားသည့်​ သူမမှာ ကိုးယို့ ကားယား နိုင်​လှ၏။