အပိုင်း <၅>[Z+U]
2K 170 22
"​မေ​မေ~သမီးပြန်​​ရောက်​ပြီ..!!"
မီးဖိုခန်းမှ..လှိုင်​လှိုင်​ထ​နေသည့်​မီးခိုး​ငွေ့နှင့်
နှာဖျားထိပ်​လာ​ရောက်​ ကျီစယ်​​သော
ငါး​ခြောက်​ဖုတ်​နံ့​ကြောင့်​ နှင်းဆီဂုဏ်​​သွေး
အိမ်​​နောက်​​ဖေးသို့​ပြေးဝင်​သွားသည်​။
"သမီး~​မေ​မေ့ကို ​ကြောင်​အိမ်​အ​ပေါ်က
ပဲဆီလေးယူ​ပေးပါလား..!! သမီး​ဖေကြီးက
မနက်​ကထမင်းစားသိပ်​မ​ကောင်းဘူးတဲ့
အဲ့တာနဲ့​မေ​မေလဲငါး​ခြောက်​ဖုတ်​ဆီစိမ်​​လေး
လုပ်​​ပေးလိုက်​တာ..!!"
"​ကောင်းတယ်​​မေ​မေ...​ဇေယျာသာမစား​စေနဲ့..!!
အငယ်​​ကောင်​အ​ကြောင်းသိရဲ့သားနဲ့
သူက​အိမ်​က​ကြောင်​ထက်​ပိုဆိုးတယ်​..
ငါး​ခြောက်​ဆိုထိပ်​ဆုံးအုပ်​သွားတာ..!!"
အ​မေက​တော့ နှင်းဆီဂုဏ်​​သွေးစကား​ကြောင့်
ရယ်​​မောသည်​။ အိမ်​​ရှေ့မှလူ​ခေါ်သံကြားရ၍
နှင်းဆီဂုဏ်​​သွေးအသံပြုကာ မီးဖို​ချောင်​ မှထွက်​လာ၏။
"သမီး​ရေ..ဒီက အ​ဖေ့သူငယ်ချင်းေ​​တွအတွက်​..အ​အေး​လေး​ဖျော်​​ပေးပါဦး..!!"
သူမ​ကြောက်​ရွံ့ရို​သေသည့်​ဖခင်​က
သူနှင့်​သက်​တူရွယ်​တူ လူနှစ်​​ယောက်​နှင့်​အတူ
ဧည့်​ခန်းတွင်​ ထိုင်​​နေ၏။
သူမအ​ဖေစကားအတိုင်း..အိမ်​​နောက်​သို့
ပြန်​၀င်​သွားကာ..​လိ​မ္မော်​ရည်​ပြန်​​ဖျော်​သည်​။
"သမီး​နေ~​မေ​မေသွားမယ်​"
နှင်းဆီ​သွေးတစ်​​ယောက်​​ခေါင်းငြိမ့်​ပြပြီးအိမ်​​ပေါ်ထပ်​ရှိ~သူမအခန်းထဲသို့တက်​သွား၏။
၀ရံတာနားတွင်​ချိတ်​ဆွဲထားသည့်​ သစ်​ခွပန်း​တွေကိုတစ်​ချက်​ကြည့်​ရင်းပြုံးမိသည်​။
"အဖူး​လေး​တွေ​တောင်​ဖူးပြီဘဲ"
နှင်းဆီ​သွေး ပန်းက​လေး​တွေကိုချစ်​တယ်​..
လေး​ထောင့်​ကျကျမျက်​မှန်​ကို စာဖတ်​စားပွဲ​ပေါ်တွင်​တင်​ပြီး​နောက်​ သူမ​ရေချိုးဖို့ပြင်​ဆင်​သည်​။
"မကြီး...မကြီး...!!"
လှေကားတစ်​​လျှောက်​​ပြေးတက်​လာသည့်
မောင်​ဖြစ်​သူ၏​ခြေသံ​ကြောင့်​ နှင်းဆီ​သွေး
လန့်​သွား၏။