Dream Coffe ဆိုင်ထဲက စားပွဲဝိုင်းတခုတွင်ထိုင်နေတဲ့ကောင်လေးနှစ်ယောက်။စားပွဲပေါ်တွင် ချထားတဲ့ cakeတွေက စားချင်စဖွယ်ဖြစ်နေသည်။
" တကယ် စားကောင်းတာပဲ "
" P ဆိုင်ရွေးတာ မှန်သွားတာပဲ "
" P Keng ကဒီကို လာနေကျလား "
" ဒီဆိုင်က P သူငယ်ချင်းရဲ့အကိုဆိုင်လေ "
" အော် "
Keng သူ့ရှေ့မှာ cake တွေကို အားရပါးရထိုင်စားနေတဲ့Shin ကိုကြည့်ပြီး ပြုံးမိသည်။ရည်းစားတွေ ဖြစ်ပြီးမှအပြင်ထွက်ဖြစ်တာ ဒါပထမဆုံးအကြိမ်ပါ။
" Shin..P အပြင်ခဏသွားပြီး ဆေးလိပ်သောက်မလို့ "
" Omm "
P Keng ကဆေးလိပ်သောက်ရတာ အရမ်းကြိုက်တဲ့သူပါ။လူတိုင်းကအကြိုက်တမျိုးစီရှိတာမို့ Shin မသောက်နဲ့လို့တားဖို့စိတ်ကူး မရှိပါဘူး။PKengကတော့ကျန်းမာ ရေးထိခိုက်မှာစိုးလို့ တနေ့တလိပ်ပဲသောက်တော့မယ်ပြောတယ်။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰
" Shin...စောင့်ရတာ ကြာသွားလား "
" မကြာပါဘူး။ဒီ cafe ကပန်းချီတွေက လှတာနဲ့ ဓာတ်ပုံရိုက်နေတာ "
" ရုပ်ရှင် ပြတော့မယ်။P တို့သွားရအောင် "
" အချိန်တောင် နီးနေပြီပဲ "
Keng ကောင်တာတွင် ငွေရှင်းနေစဥ်
" Keng "
" Fun...မင်းပြန်ရောက်နေတာလား "
" တပတ်လောက်တော့ ရှိပြီ။ဒါက..."
" ငါ့ ကောင်လေးလေ။Shin ဒါက P သူငယ်ချင်း Fun "
" တွေ့ရတာ ဝမ်းသာပါတယ် Nong Shin "
" ဟုတ် "
" ဝါး..နောက်ဆုံးတော့ မင်းFA ဘဝကလွတ်သွားပြီပဲ "
P Keng သူငယ်ချင်းပြောလိုက်တဲ့ စကားကြောင့် Shinအနေခက်သွားပေမဲ့ ပြုံးနေလိုက်ပါသည်။P Keng ကတကယ် ရည်းစားမထားဖူးဘူးလား ......
" ပွဲရှိရင် တွေ့ကြတာပေါ့။ငါသွားတော့မယ် "
〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰
Keng ကျောင်းပွဲအတွက် လိုအပ်တဲ့ပစ္စည်းတွေချနေစဥ်
" Keng....ဒီတခုပြီးရင် ရပြီ "
" အဲ့ဒါဆို ငါသွားတော့မယ် Sam "
" နေဦး "
" ဘာလဲ ငါသွားစရာရှိတယ် "
" မင်း ဟိုကလေးနဲ့ အဆင်ပြေသွားပြီလား Keng "
" အေး "
" Wow amazing။ cool guy ကြီးက နောက်ဆုံးတော့အရည်ပျော်သွားပြီပဲ "
" ငါက ဘယ်လိုလုပ် cool guy ဖြစ်သွားတာလဲ Sam "
" ဒီလိုလေကွာ။မင်းက အနေအေးပြီး လုပ်စရာရှိတာကိုအေးအေးဆေးဆေး လုပ်တတ်လို့မင်းကို အဲ့နာမည်ပေးထားကြ
တာ "" ငါတောင် မသိလိုက်ဘူး "
" ဒါနဲ့ ငါတို့တွေစားဖို့ မှာထားတဲ့ pizza ရပြီတဲ့။မင်းကားနဲ့ ငါ့လိုက်ပို့ပါလား Keng "
" သွားမယ်လေ "
Keng တယောက် car parking တွင်ကားထုတ်နေစဥ်အနောက်ကနေကားတစ်စီးက စောင့်တိုက်လိုက်တာမို့ကားကို ရုတ်တရက်ရပ်လိုက်ရသည်။
" ဟာ...ကားကလည်းဘယ်လိုလာတိုက်တာလည်း "
" ငါ ဆင်းကြည့်လိုက်မယ် Sam "
