" Shin....နင်ဖြေနိုင်လား "
" မဆိုးပါဘူး။ငါတွက်ထားတဲ့ အပုဒ်တွေပါလာတယ်နင်ရော ဘယ်လိုလဲ Bow"
" ငါတော့ မဟန်ဘူး။မနေ့ညက ဇတ်ကားကောင်းတာနဲ့တိုးပြီး ပြန်မကြည့်ဖြစ်တဲ့အပုဒ်တွေပါလာတယ် "
" အရမ်းကြီး မဆိုးလောက်ပါဘူး။ဒါနဲ့ Day ကထွက်မလာသေးတာလား "
" ဘယ်ကသာ...သူကဖြင့်လွန်ခဲ့တဲ့နာရီဝက် ကတည်းက ပြန်သွားပြီ "
" ဟင် သူဖြေတာအဲ့လောက်မြန်တယ် "
" နောက်နေ့မှ သူ့ကိုမေးရအောင်။ခုတော့ Canteen သွားပြီးတခုခုစားရအောင်။ငါ ဗိုက်ဆာနေပြီ "
" Bow..နင်အရင်နေ့က ပြောတော့ဝိတ်လျှော့မှာဆို "
" ဟဲဟဲ...နောက်ရက်မှလုပ်မယ်လို့ စိတ်ကူးပြောင်းလိုက်ပြီ "
" နင့်ကိုတော့မနိုင်ဘူး Bow "
ဗိုက်မဆာတာမို့ Shin မုန့်မစားဘဲအအေးပဲ သောက်မည်ဟုတွေးလိုက်သည်။အအေးဗူးကိုလှမ်းယူလိုက်စဥ်သူ့လက်ပေါ်ရောက်လာတဲ့ လက်တဖက်။
" ဒီအအေးကို အရင်ကိုင်မိတဲ့သူက နင်ဆိုတော့ နင်ပဲ ယူလိုက်ပါ "
Shin အအေးဗူးယူလိုက်တဲ့အခါ သူ့ကိုစူးစူးစိုက်စိုက်ကြည့်နေတဲ့ ကောင်မလေးကြောင့်စိတ်ထဲတမျိုးဖြစ်သွားသည်။
သူမက ဘာလို့အဲ့လိုကြီးကြည့်နေတာလဲ
အနေရခက်အောင်လို့" ဟိုပြောစရာ ရှိလို့လား "
" မရှိပါဘူး။ချစ်စရာကောင်းလို့ စိုက်ကြည့်နေမိတာ "
" ဟင် "
" ငါ့နာမည် Rin ပါ။Engineer ဌာနကပါ "
" Shin ပါ "
တကယ်တော့ Rin တမင်သက်သက် ထိုအအေးဗူးကိုလိုက်ယူခြင်းပါ။Shin ဆိုတဲ့ကောင်လေး သူ့ကိုသတိထားမိအောင်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" Sam....မင်းဘယ် company ကျလဲ "
" မင်းလို အမိုက်စား company တော့မရဘူးပေါ့ ။Keng ရာ "
" ဟင်း...ကျောင်းပြီးလို့ internshipဆင်းရတော့မယ် ခုချိန်ထိ fa ဘဝက မကျွတ်သေးဘူး "
" မင်းကမှ အချိုးမပြေတာကို "
" ဟုတ်ပါပြီ ချစ်တတ်သူကြီးရယ်။ကောင်လေးရှိတယ်ဆိုပြီး တအားနှိမ်တာပဲ "
" မင်း ဘာစားမှာလဲ "
" Keng ဟိုမှာ Shin မလား။Rin နဲ့စကား ပြောနေတာပဲ "
" Rin ဆိုတာက "
" မင်းကားကို ဝင်တိုက်မိတဲ့တယောက်လေ။သေချာကြည့်တော့မှ အဲ့ကောင်မ လေးက တော်တော်လှတာပဲ "
Samပြောပြလိုက်မှ ထိုကောင်မလေး Keng ပြန်မှတ်မိသွားသည်။သူက Shinကို
ဘာလို့ အဲ့လောက်ထိ စိုက်ကြည့်နေရတာလဲ။" ငါ သွားတော့မယ် Sam "
" ထမင်း မစားတော့ဘူးလား Keng ။
အချစ်နဲ့ ပက်သက်ရင်သူငယ်ချင်းပါ
မေ့တာပဲ "Keng ကိုယ့်ကိုကိုယ် ဘယ်လောက်မြန်မြန်လျှောက်မိမှန်းတောင် မသိလိုက်ဘဲ Shin အနားကိုရောက်သွားသည်။Shin ရဲ့လက်ကိုဆွဲလိုက်ပြီး
" Shin "
"အော် P Keng...စာမေးပွဲ ဖြေပြီးပြီလား "
" သွားမယ် "
သူ့ကောင်လေးကိုဇွတ်ဆွဲခေါ်သွားတဲ့
P Keng ကြောင့်Rin အံ့သြမိသွားသည်။သူမနဲ့ Shinကို သဝန်တိုနေတဲ့ပုံ။သူမ စိတ်ဝင်စားမိတာက Shin မှမဟုတ်တာ "~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" P Keng...အဆောင်ပြန်မှာလား "
" အင်း "
သူမေးတာကို စိတ်မပါတပါနဲ့ဖြေနေတဲ့ P Keng ။ ဒီလိုပုံစံမျိုး တခါမှမမြင်ဖူးတာကြောင့် Shin အတွက်တော့အထူးအဆန်းပင်။
" Shin...သူငယ်ချင်းတွေမဟုတ်ဘဲ တခြားသူတွေနဲ့ သိပ်ပြီးမပက်သက်ပါနဲ့လား "
" P Keng စိတ်မပျော်တာ အဲ့ဒါကြောင့်လား "
" အင်း "
" Shin ကဒီအတိုင်း စကားပြောရုံပါ။ နောက်ပြီးတော့ Shin က....."
Keng သူ့ကိုသေချာရှင်းပြနေတဲ့ Shinကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။မကြာခင် internshipဆင်းရမှာမို့ Shin နဲ့သိပ်မတွေ့ရတော့မှာကို စိတ်ညစ်မိတာလည်းပါ သည်။
" စိတ်ပူတယ်။Shin တခြားသူဆီ စိတ်ရောက်သွားမှာကို "
" P Keng ကမဖြစ်နိုင်တာကို တွေးနေ
တာပဲ "သူ့ကိုဖက်ထားတဲ့ P Keng ကိုပြန်ဖက်ပေးလိုက်ပြီးသူ မစိုးရိမ်အောင်ပြောပြရသေးသည်။P Kengသဝန်တိုတဲ့ပုံစံက ချစ်ဖို့ကောင်းတာပဲ။
မုန်တိုင်းပြီးရင် လေပြေလာတယ်လို့ပြောကြတယ်။သူတို့နှစ်ယောက်ကရော အရင်လာတဲ့မုန်တိုင်းကို ကျော်ဖြတ်နိုင်မှာလား....
