Rin ပြောပြတာကိုပြုံးပြုံးလေးနားထောင်နေတဲ့ အန်တီGraceကိုနားမလည်နိုင်တော့ပါ။အန်တီက သူမပြောတာကိုမယုံဘဲ သံသယဝင်နေတာလား။အန်တီသားရဲ့ကောင်လေးက တခြားကောင်လေးတွေနဲ့လည်း ရောရောနှောနှောနေတတ်တဲ့ပုံစံမျိုးလို့ သမီးကပြောချင်တာလား "
" အဲ့ကောင်လေးက ချစ်ဖို့လည်းကောင်းတယ်လေ "
" ဟုတ်လား။အန်တီက သူ့ကိုအပြင်မှာမမြင်ဖူးသေးဘူး။သားကတော့ နောက်အပတ်ခေါ်လာမယ်ပြောတယ် "
" အန်တီ P Keng ကိုစိတ်မပူဘူးလား "
ထိုကလေးမပြောလိုက်တဲ့စကားကြောင့် သူမပြုံးမိ သည်။သူမကိုယ်တိုင်လည်း ငယ်ရာကနေ ကြီးလာတဲ့သူပဲလေ။အချိန်တန် အရွယ်ရောက်လို့ရည်းစားထားတယ်ဆိုတာ လူငယ်သဘာဝလေ။
Graceဆိုတဲ့သူမဟာ စည်းကမ်းတင်းကြပ်တဲ့မိသားစုမှာကြီးပြင်းခဲ့ရပြီး လူငယ်ဘဝရဲ့ပျော်ရွှင်မှုတွေ အတော်အတန်ဆုံးရှုံးခဲ့ရသည်မို့ Keng ကိုသူမလိုမဖြစ်စေချင်ပါ။ထိုကြောင့် Keng ကိုသူ့ဘဝနဲ့ပက်သက်တဲ့ဆုံးဖြတ် ချက်တွေကို Keng စိတ်ကြိုက်သာရွေးချယ်ခိုင်းသည်။
" မိဘတိုင်းကတော့ သားသမီးနဲ့ပက်သက်ရင်အရာရာစိတ်ပူတာပေါ့ သမီးရယ်။ဒါပေမဲ့မိဘဆိုပြီး သားသမီးရဲ့ ကိစ္စတိုင်းကိုလိုက်ထိန်းချုပ်နေလို့မှ မရတာ "
" အန်တီက P Keng ကိုတော်တော်နားလည်ပေးတတ်တာပဲ "
" သားကို စိတ်ပူလို့ပြောပြပေးတဲ့အတွက်လည်း ကျေးဇူးပါသမီး။နောက်ပိုင်း သမီးလိုအပ်တဲ့အကူအညီတွေ ဘာတွေရှိရင်လည်းအန်တီကိုပြောပြပေးနော် "
" ဟုတ်ကဲ့ပါ အန်တီ။သမီး ပြောပါ့မယ် "
" ကဲ..စကားတွေပြောနေတာနဲ့ မေ့နေတာ။ထမင်း စားရအောင်လေ သမီး "
" ဟုတ် "
Rinရဲ့စိတ်ထဲတွင်တော့ သူမတွေးထားတာနဲ့လက်တွေ့ကတခြားစီဖြစ်နေတာမို့ မပျော်နိုင်ပါ။ဘယ်လိုလုပ်မှP Keng နဲ့ Shin ကြားကပက်သက်မှုကို အဆုံးသတ်နိုင်မှာလဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" Shin.....ကျေးဇူးပဲကွာ "
" မင်းကလည်း သူငယ်ချင်းအချင်းချင်းပဲ။ပြောစရာ လိုလို့လား "
" ငါကလည်း ငါပဲ။အမူးလွန်ပြီး ခေါင်းပေါက်ရတယ်လို့ "
" နောက်တခါ သတိထားပေါ့ "
အဆောင်မှာအတူနေတဲ့အခန်းဖော်က အမူးလွန်ပြီး ခေါင်းပေါက်သွားတာမို့ ဆေးခန်းကိုအဖော်လိုက်ပေးခဲ့လိုက်တယ်။ပြီးမှတွေးမိတာကဒီနေ့တနေကုန် P Keng
ကို ဖုန်းမဆက်ရသေးဘူး။ဖုန်းကလည်း အဆောင်မှာကျန်ခဲ့သည်။" မင်းမှာ ဖုန်းပါလား Key "
" ပါတယ်လေ။ရော့ "
Shin အလွတ်ရနေတဲ့ ဖုန်းနံပါတ်လေးကို
အမြန်နှိပ်ကာဖုန်းခေါ်လိုက်သည်။တဖက်ဖုန်းက မဝင်ဘဲလိုင်းမအားဘူးနဲ့သာ တိုးနေသည်။ငါးခါလောက် ခေါ်ပြီးမှဖုန်းက
ဝင်သွားသည်။" hello...P Keng "
" Shin လား "
" ဟုတ်တယ်။Shin ဖုန်းက အဆောင်မှာကျန်နေခဲ့လို့ "
" Pက Shin ဖုန်းကိုခေါ်နေတာလေ။ဖုန်းကို ယူသွားမှပေါ့။Shin ကလည်း "
" ဟုတ်။နောက်တခါ မမေ့စေရပါဘူး "
" ခဏနေ လာခေါ်မယ်။ပြောစရာ ရှိတယ် "
ပြောချင်တာပြောပြီး ဖုန်းချသွားတဲ့ P Keng။အသံကအစ ခါတိုင်းနဲ့မတူ။သူဖုန်းဆက်တာ ခေါ်မရလို့စိတ်တိုနေတာလား။
" မင်းရဲ့ P ကဘာတဲ့လဲ "
" ခဏနေ တွေ့မယ်လို့ပြောနေတာပါ "
" ခဏလေးတောင် မဝေးချင်ဘူးတဲ့လား "
" Key "
" မင်းပဲ သာယာပါတယ်။အရမ်း ဂရုစိုက်တတ်တဲ့စီနီယာအကိုကြီးကို ရည်းစားတော်ထားရလို့ "
" ပြောချင်တာသာ ပြောတော့ "
" မင်းရဲ့P Kengကို သေချာဆွဲထားနော်။သူက အစကတည်းက popular ဖြစ်တယ်လေ "
"........ "
တခြားသူဝင်လာမယ်ဆိုတဲ့ အခြေအနေကို Shin ယောင်လို့တောင် မစဥ်းစားဖူးပါဘူး။ဒါပေမဲ့ အဲ့လိုအချိန်ဆိူတာမျိုးရောက်လာခဲ့ရင်ရော Shin ဘယ်လိုဖြေရှင်းသင့်သလဲ