Part7

8 1 0
                                    


မနက်ကတည်းက အစောထပြီးမုန့်လုပ်နေတဲ့ Shin။စားပွဲတခုလုံးလည်း သူလုပ်ထားတဲ့မုန့်လုပ်ပစ္စည်းများ ၊မုန့်များနှင့် ပြည့်နှက်နေသည်။P Keng ရဲ့မွေးနေ့အတွက်ပြင်ဆင်ထားတဲ့ မုန့် ၊ လက်ဆောင်ဘူး ၊ မွေးနေ့ကိတ်တွေက လက်နှစ်ဖက်လုံးတွင်နေရာယူထားသည်။

P Kengကိုကျောင်းရဲ့စာသင်ဆောင် အဟောင်းတနေရာတွင် တွေ့ရန်ပြောလိုက်သည်။Shin ကိုယ်တိုင်ကတော့ ချိန်းထားတဲ့နေရာကို နာရီဝက်ကြိုလာခဲ့ကာ ပါလာတဲ့လက်ဆောင်တွေကို နေရာချနေစဉ်သူ့ပခုံးပေါ်သို့ရောက်လာတဲ့ လက်တစုံ။

" ရောက်လာပြီပဲ....P Keng "

" အွန်း "

ခုံပေါ်မှာချထားတဲ့ပစ္စည်းတွေကိုကြည့်ပြီး Keng ပျော်မိသွားသည်။သူ့မွေးနေ့အတွက် သေချာပြင်ပေးထားတာပဲ။ဒီနှစ်မွေးနေ့ကတော့ အရင်နှစ်တွေကထက်ပိုပြီးပျော် စရာကောင်းတာ အမှန်ပါပဲ။

" ဆုတောင်းပြီးပြီလား P Keng "

" P ဘာဆုတောင်းရမလဲ Shin "

" P Keng ကြိုက်တာတောင်းလေ "

" အဲ့ဒါဆိုရင်....Shin ကနောက်နှစ်တွေမှာလည်းPနဲ့အတူ ဒီလိုမွေးနေ့ပွဲမျိုးလေး ကျင်းပပေးဖို့ဆုတောင်းမယ် "

" P Keng ဆုတောင်းကလည်းရိုးရှင်းလိုက်တာ "

" P ဆုတောင်းကရိုးရှင်းတယ်။အဲ့ဒါကြောင့် Shin ကနောက်နှစ်တွေမှာလည်း P အနားမှာရှိနေပေး။ဟုတ်ပြီလား "

" အင်း "

Shin ရဲ့လက်ကို ဆုပ်ကိုင်လာတဲ့P Keng ရဲ့လက်တွေ။မျက်တောင်မခတ်တမ်းကြည့်နေတဲ့P Keng ကြောင့် Shin ဘာထပ်ပြောရမယ်မှန်းမသိဘဲ ကြောင်သွားသည်။
ခဏအကြာမှအသိပြန်ဝင်လာကာ .....

" Shin....ကြက်ဥခနုံထုပ်ရယ် ၊ ဝက်သားလိပ်ရယ် လုပ်လာတယ် "

" ​ကြည့်ရတာစားလို့ ကောင်းမဲ့ပုံပဲ "

" စကောင်းလား P Keng "

" အင်း။ စိမ့်စိမ့်လေးနဲ့ စားလို့ကောင်း
တယ် "

" မုန့်စားပြီးပြီဆိုတော့ မွေးနေ့လက်ဆောင်ပေးရတော့မဲ့အချိန်ပဲ "

သူ့ရှေ့မှာ လက်ဆောင်ဘူးကိုလွယ်အိတ်ထဲကထုပ်ဖို့ပြင်နေတဲ့ကောင်လေးကို မှေးထောက်ကာကြည့်နေမိတယ်။ဘေးတ စောင်းလှည့်ပြီး ပစ္စည်းယူနေတာမို့ ဖြူဖွေးနေတဲ့Shin ရဲ့လည်တိုင်ကိုသေချာမြင်နေရသည်။လက်ဆောင်ဘူးကကြီးနေတာမို့ အိတ်ထဲကမနည်းပြန်ထုပ်နေရစဥ် သူ့ လည်ပင်းကို ကျရောက်လာတဲ့နှုတ်ခမ်း
တစုံရဲ့ အထိအတွေ့ ......

My favorite is youWhere stories live. Discover now