Part 9

3 1 0
                                    

"P Keng...စိတ်ဆိုးနေတုန်းလား။နောက်တခါ အပြင်သွားတိုင်း ဖုန်းယူသွားပါ့မယ် "

'' ....... ´´

ဘာမှပြန်မပြောဘဲ သူ့ကိုစိုက်ကြည့်နေတဲ့မျက်လုံးတွေ။P Kengက ခါတိုင်းဒီလောက်ချော့ရတာမခက်ပါဘူး။Shinကိုစကားပြန်မပြောပေမဲ့ ဆိုင်ကယ်ဦးထုပ်ကိုတော့သေချာ ဆောင်းပေးသည်။

ဒီနေ့က P Kengကသူ့သူငယ်ချင်းတယောက်ရဲ့မွေးနေ့ပွဲကိုသွားစရာရှိတယ်ပြောတယ်။Club မှာလုပ်တဲ့ပွဲမို့ Shin သိပ်မသွားချင်ပေမဲ့  P Kengကိုချော့ရဦးမှာမို့ လိုက်ခဲ့လိုက်သည်။သွားတဲ့လမ်းတလျှောက်လုံးလည်း ဆိုင်ကယ်နောက်ကနေ PKeng ရဲ့ခါးကိုတင်းကြပ်စွာဖက်ထား
ခဲ့ရင်းပေါ့။

''ရောက်ပြီ။တကယ်လို့အထဲရောက်ရင် သူငယ်ချင်းတွေကအတင်းသောက်ခိုင်းရင်လည်း အားနာပြီးမသောက်နဲ့ ´´

'' အွန်း ´´

Shin ကိုစကားပြန်ပြောပုံကိုထောက်တော့ သူစိတ်ဆိုးတာနည်းနည်းလျော့သွားပြီ ထင်ပါတယ်။ရှေ့ကနေမြန်မြန်လျှောက်သွားတဲ့ P Keng ကိုအမှီလိုက်ပြီး သူ့လက်ကိုတွဲလိုက်သည်။P Keng ကြည့်ရတာShin ရဲ့အပြုအမူကြောင့် အံ့သြသွားဟန်ရှိသည်။ပုံမှန်ဆို Shin ကစပြီး လက်ကိုင်လေ့မရှိဘူးလေ။

'' သွားမယ်လေ။P Keng ´´

'' အင်း ´´

Club ထဲရောက်တာနဲ့ ဖွင့်ထားတဲ့သီချင်းသံတွေ ၊ ကခုန်နေတဲ့သူတွေ​ဖြင့် ဆူညံနေသည်။မွေးနေ့ပွဲလုပ်ဖို့ ငှားထားတဲ့အခန်းကအပေါ်ထပ်က သီးသန့်အခန်းတခန်းမှာလုပ်တာမို့ သိပ်ပြီးမဆူညံပါ။အခန်းထဲ ရောက်သည်နှင့်တပြိုင်နက်......

'' Keng...ငါက မင်းမလားတော့ဘူးထင်နေတာ ´´

'' ငါ ကိစ္စလေးရှိတာနဲ့ နည်းနည်းနောက်ကျသွားတယ် ´´

'' Wow..Shin ပါပါလာတာပဲ။လာ
ထိုင်ကြ ´´

စားပွဲမှာထိုင်ပြီးတာနဲ့ သူ့သူငယ်ချင်းတွေနဲ့တခွက်ပြီးတခွက်အားရပါးရချနေတဲ့ P Keng။အပြန်တော့ Shinပဲဆိုင်ကယ်မောင်းရတော့မှာပဲဟု တွေးလိုက်သည်။P Keng ကတော်တော်သောက်နိုင်တာပဲဟု Shin စိတ်ထဲတွင် မှတ်ချက်ချလိုက်သည်။

My favorite is youWhere stories live. Discover now