Part 6

10 1 0
                                    


ဆေးထိုးထားတာမို့ ဖြစ်ခါစကထက်တော့သက်သာလာသည်။ခေါင်းကတော့ နည်းနည်းတော့မူးနေသေးတာမို့ ဘေးမှာထိုင်နေတဲ့ P Kengကိုမှီထားရသည်။

" P ဆေးသွားယူလိုက်ဦးမယ် "

" အွန်း "

ဆေးကောင်တာမှာ ဆေးယူနေတဲ့ P Keng ကိုကြည့်ပြီးအားနာမိတာတော့ အမှန်ပင်။Internship ဆင်းနေရတဲ့P Kengရဲ့ ရှားရှား ပါးပါးနားရက်က သူ့ကိုဆေးခန်းလိုက်ပို့ပေးရတာနဲ့ ကုန်သွားတာမို့ပါ။

" အပြန်မှာဘာစားမလဲ။အစာ တခုခုစားပြီးမှ ဆေးသောက်ရအောင် "

"P Kengရောဘာမှာစားမလဲ။ Shin ဝယ်ကျွေးမယ် "

" အားနာနေတာလား Shin "

" အင်း "

" ဒါဆိုရင် Shinအားမနာရအောင်စားချင်တာအကုန်စားပေးရမှာပေါ့ "

ဆိုင်ရောက်တော့ Shin နို့အေးတခွက်ပဲမှာလိုက်သည်။ P Keng ကတော့သူစားနေကြထမင်းကြော်နဲ့ coffeeတခွက်မှာသည်။ဆိုင်ထဲမှာ လူနည်းနေတာမို့တိတ်ဆိတ်နေ
သည်။

" P Keng က ထမင်းကြော်တော်တော်ကြိုက်တာပဲ "

" အွန်း။Shinက နို့အေးပဲသောက်မှာလား။ဒီဆိုင်ကကွေ့သယိုလည်း စားကောင်း
တယ် "

" Shin ဗိုက်မဆာလို့ "

" ရှင်းရမှာ များနေလို့မလား "

" မဟုတ်ပါဘူး​။P Keng ကလည်း "

" P ကစတာပါ "

အရင်တုန်းက ဆိုင်ကယ်စီးရတာ ၊ ဓါတ်ပုံရိုက်တာတွေလုပ်နေရရင် Keng ပျော်နေတတ်တယ်။အခုအချိန်မှာတော့သူရှေ့မှာထိုင်နေတဲ့ကောင်လေးက သူ့ရဲ့ favorite
person ပေါ့။

" Shin ကတကယ် Pinnochio နဲ့တူတာပဲ "
( Cartoon ထဲက ဇတ်ကောင်အမည်)

" P Keng "

Shin ဆိုအမြဲတမ်းစနောက်နေတတ်တဲ့ P Keng။ စတွဲခဲ့တုန်းကအနေအေးတဲ့သူမို့လို့ ပြောစရာကိစ္စတခုခုရှိရင်ကိုယ်ကပဲ ပြောရမယ်ထင်ခဲ့မိတာ။ P Kengက Shin တခုခုလိုတာရှိရင်ပြောစရာမလိုအောင် လုပ်ပေးတတ်သည်။အကယ်၍ သူမအားဘူးဆိုရင်လည်း Shin စိတ်ဆိုးမှာစိုးလို့ဆိုပြီး သေချာရှင်းပြတယ်။

Shinကကိုယ့်ချစ်သူကို အရမ်းသဝန်တိုတတ်တဲ့သူမျိုးတော့မဟုတ်ပါဘူး။စိတ်ပူစရာမရှိအောင်နေတတ်တဲ့ P Keng ရဲ့အပြုအမူတွေလည်းပါမှာပါ။

➖➖➖➖➖➖➖➖➖➖➖➖➖
Rin ဒီရက်ပိုင်းတစုံတယောက်ရဲ့ instagram ကိုဝင်ကြည့်နေမိတာ အကျင့်တခုလိုဖြစ်နေသည်။သူရဲ့accountက ပုံတွေသိပ်မတင်ထားပေမဲ့ သူရဲ့သက်ဆိုင်သူကိုတော့ follow လုပ်ထားသည်။

" P Keng ကို Rin သဘောကျနေမိပြီ "

သူ့မှာ ပိုင်ရှင်ရှိနေတယ်ဆိုတဲ့အချက်က Rinအတွက် ဒေါသထွက်စရာကောင်းနေသည်။ဒီလိုငေးကြည့်ရုံနဲ့ပဲ သူမရဲ့ခံစားချက်တွေကို လစ်လျူရှုရတော့မှာလား.....

" သမီး အိပ်နေပြီလား "

" မအိပ်သေးပါဘူး Daddy "

" မနက်ဖြန် Daddy မိတ်ဆွေတယောက်နဲ့သွားတွေ့စရာရှိတယ်။သမီး လိုက်ခဲ့ပါ
လား "

" ဘယ်သူလဲ။Rin သိတဲ့သူလား "

" သမီးငယ်ငယ်တုန်းကသိခဲ့တဲ့ အန်တီ Grace လေ "

" အော်.....Rin မှတ်မိတယ်။အဲ့အန်တီက Rin ကိုချောကလက်ကွတ်ကီး လုပ်ပေးနေကျအန်တီမလား "

" ဟုတ်တယ်။သူကအခုDaddyတို့company မှာရှယ်ယာ ဝင်ထားတယ်လေ။မတွေ့တာကြာပြီမို့ညစာစားဖို့ ခေါ်ထားတယ် "

စားသောက်ဆိုင်Vip အခန်း တခုထဲကိုဝင်လာတဲ့သူမ။ Rinဒီနေ့အဖြူရောင် ဂါဝန်အကားလေးနဲ့လိုက်ဖက် စွာဝတ်ဆင်ထား သည်။စုစည်းထားတဲ့ ဆံပင်ပုံစံကြောင့်သူမမျက်နှာရဖဲ့အလှက ပိုပြီးထင်းသွားသည်။

" Rin ရောက်ပြီ Daddy....."

" သမီး Rinက မတွေ့တာကြာပြီမို့လားပဲ။ပိုပြီးတောင် လှလာတာပဲ "

" ကျေးဇူးပါ အန်တီ Grace "

" ထိုင်လေ သမီး "

" ဟုတ် "

ခဏကြာတော့ စားပွဲပေါ်ရောက်လာတဲ့ဟင်းလျာအစုံက စားပွဲဝိုင်းအပြည့်။Daddyနဲ့အန်တီGraceကတော့ အရင်တုန်းအကြောင်းတွေပြောနေရင်းစကားလက်ဆုံ ကျနေသည်။ထိုစဥ်အခန်းထဲကို ဝင်လာတဲ့သူကြောင့် Rin အံ့သြမိသွားသည်။

" သား ရောက်လာပြီပဲ။ Mae က ဖုန်းတောင်ဆက်တော့မလို့ "

" ကားပိတ်နေလို့ပါ Mae "

" ဒါကအန်တီသား Keng လေ "

ငြိမ်သက်စွာ တည်ရှိနေတဲ့ကန်ရေပြင်ကခဲတလုံးကြောင့် လှုပ်ခတ်သွားတတ်တယ်။Rin အတွက်တော့ P Kengကထိုကဲ့သို့တည်ရှိမှုမျိုးပါပဲ။ဘယ်လိုတောင် အံအားသင့်စရာ တွေ့ဆုံမှုမျိုးလဲ။ဒီထက်ပိုစောပြီးသာသိခဲ့ရရင်ရောRin တို့ပက်သက်မှုကဘယ်လိုမျိုး ဖြစ်နေမှာဆိုတာသိချင်လိုက်တာ......

My favorite is youWhere stories live. Discover now