" Shin သွားတော့မယ် P Keng "" အတန်းပြီးရင် စာပို့လိုက်လေ"
P Kengကသူ့လက်ကို မလွှတ်တမ်းကိုင်ထားတာကြောင့် Shin ရှက်လာသည်။တချို့ အတန်းဖော်တွေကလည်းကွက်ကြည့်ကွက်ကြည့် လုပ်နေတာမို့ပါ။
Shin ရဲ့ဆံပင်ကိုဖွပြီး ထွက်သွားတဲ့သူ့ကိုကြည့်ပြီးပြုံးမိသည်။အရင်လကထိသူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက စီနီယာ ဂျုနီယာအဆင့်ပဲ ရှိခဲ့တာလေ။P Keng
ဖွင့်ပြောတုန်းက စနေတယ်ထင်ခဲ့တာ။" Keng "
" မင်း အစောကြီးရောက်နေတာပဲ Sam "
" မင်းကို ငါအကူအညီတောင်းမလို့ "
" ဘာလဲ "
" ကျောင်းပွဲအတွက်ဓာတ်ပုံရိုက်ပေးမဲ့ အကိုတယောက်က ဒီနေ့မလာဖြစ်ဘူးတဲ့။အဲ့ဒါ မင်းက....."
" ငါ Shinကို သွားကြိုဖို့ရှိတယ် "
" မင်းကလည်း မကြာပါဘူး။ငါတဝိုင်း ကျွေးပါ့မယ်ကွာ။ပြောထားပြီးသား ဖြစ်နေလို့ "
" ဒီတခါပဲ "
" Keng မင်းကတော့တကယ် ကယ်တင်
ရှင်ပဲ "" တခြားသူတွေရော "
" သူတို့ကိုလည်း ငါပြောလိုက်မယ် "
ဓာတ်ပုံရိုက်တာကိုဝါသနာပါပေမဲ့ အများအားဖြင့်တော့ ရှုခင်းတွေကိုသာရိုက်ဖြစ် သည်။Photo clubအသင်းဝင်ထားတာမို့တခါတလေတော့ ကျောင်းကပွဲ တွေမှာ ရိုက်ပေးဖြစ်ပါတယ်။
" ငါ Shin ကိုရောခေါ်ခဲ့လို့ ရလား "
" ရတာပေါ့...မင်းကလည်း "
➖➖➖➖➖➖➖➖➖➖➖➖
" Rin...နင်ပြင်ထားတာ အရမ်းလှတာပဲ "
" ဟုတ်တယ်...နင်ကမျက်နှာလေးကလှတော့ဘယ်လိုဆံပင်ပုံစံဖြစ်ဖြစ် လိုက်တယ်နော် "
သူငယ်ချင်းတွေရဲ့ ချီးကျူးစကားတွေကြောင့် သူမပျော်သွားသည်။ ဌာနကိုယ်စား ပြုအနေနဲ့ ဝင်ပြိုင်ရတဲ့ပွဲမို့
Rin စိတ်လှုပ်ရှားမိသည်။" ဟယ်..ဒီနေ့ ဓာတ်ပုံရိုက်ပေးမဲ့အထဲမှာ P Kengပါတယ်တော့ "
" Rin....နင်တို့တွေ ကံကောင်းတယ်။P Keng ကဓာတ်ပုံရိုက်တာ အရမ်းမိုက်တာ "
" ဟုတ်လား "
Rin သူငယ်ချင်းတွေ ဘာဆက်ပြောနေလဲသတိမထားမိတော့ပါ။ ကားကိစ္စနဲ့ပက်သက်ပြီး အလျှော်ပေးရန်အတွက် P Keng နားကိုသွားကာ
" P Keng "" မင်းက နံပါတ်၇ လား။ဒါပြီးရင် မင်းအလှည့်"
" မဟုတ်ပါဘူး။Rin ပြောစရာရှိလို့ပါ "
" ပြောလေ "
" ဟိုနေ့က Rin ကP Keng ကားကိုဝင်တိုက်မိတဲ့သူပါ "
" အော်..မှတ်မိပြီ"
" Rin...အားနာလို့ပါ။တခုခု ဝယ်ကျွေးတာဖြစ်ဖြစ် "
" ရပါတယ် ကားကသိပ်မထိပါဘူး။P ဓာတ်ပုံ သွားရိုက်ရဦးမှာမို့ ခွင့်ပြုပါဦး"
" ဟုတ် "
ဓာတ်ပုံရိုက်နေတဲ့တလျှောက်လုံး Rin သူ့ရှေ့က P Kengကိုသာ စိတ်ထဲတွင်တွေးနေမိသည်။ ခပ်အေးအေးနေတတ်တဲ့ သူ့ပုံစံကပဲRin အတွက်စိတ်ဝင်စားစရာ ကောင်းနေသည်။
➖➖➖➖➖➖➖➖➖➖➖➖➖
💌Shin....အတန်းချိန် ပြီးပြီလား 💌
💌ပြီးပြီ P Keng💌
💌ခု Photo Club မှာရောက်နေလို့။P ခဏနေ လာခဲ့မယ်💌
💌Shin....လာခဲ့မယ်လေ။ဗိုက်ဆာနေပြီလား။မုန့်ဝယ်ခဲ့မယ် 💌
P....စောင့်နေမယ်
ကိုယ် သဘောကျတဲ့သူက ကိုယ့်ရဲ့ချစ်သူဖြစ်လာတယ်ဆိုတဲ့ ခံစားချက်ကကောင်းတယ်။သူပေးတဲ့ ဂရုစိုက်မှုလေးတွေရတဲ့အချိန်က ပျော်စရာအကောင်းဆုံးပေါ့။
Keng အတွက်တော့ Shin နားရှိနေရင် အလိုလိုပျော်ရွှင်မှုတွေ ရောက်လာသလိုပင်။" Keng....မင်းကြည့်ရတာ တခြားတယောက်ကျနေတာပဲ "
" ငါပဲအဲ့လိုထင်နေတာ မဟုတ်ဘူးပဲ။သူ့ကောင်လေးနဲ့ စကားပြောနေရရင် ပြုံးပျော်နေတာများငါတို့ကိုပါ အမှတ်မရတော့
ဘူး "" မင်းတို့ကလည်း......"
သူမ အကြည့်မှားတာတော့ မဟုတ်ပါ။P Kengကဖုန်းထဲက စာတစောင်ကိုကြည့်ပြီး အရမ်းပျော်နေတယ်။စာပိုတဲ့သူက P Keng ရဲ့အရေးပါတဲ့သူလား.....