ပိတ်ရက်တွေမှာ တွက်စာအားနည်းတဲ့ Shinကိုဘယ်လိုသဘောတရားဆိုရင် ဘယ်လိုပုံသေနည်းကိုယူရမယ်ဆိုတာကို
P Kengကသေချာရှင်းပြပေးသည်။" P Kengရှင်းပြတော့လည်း လွယ်လိုက်တာ။ကိုယ့်ဘာသာတွက်ရင် တယောက်တည်းတိုင်တွေပတ်နေတာ "
" Shin "
" ဟင် "
" ခုယူထားတဲ့ မေဂျာကိုမကြိုက်ဘူးလား Shin "
" အမှန်တိုင်းပြောရရင် Shin ဘယ်မေဂျာကိုမှမကြိုက်ဘူး "
" အင်း "
" Shin ခုထိ ကိုယ်ဝါသနာပါတဲ့အရာကို သေချာမသိသေးဘူး "
Kengသူ့ဘေးမှာထိုင်နေတဲ့ Shinကိုနောက် ကနေသိုင်းဖက်လိုက်သည်။Shin ရဲ့လက်လေးတွေကို ကိုင်ကာ
" Shin...တကယ်ဝါသနာပါတဲ့ အရာကိုတွေ့ရင်ပြောပြ "
" ဘာလဲ P Kengကလိုက်ပြီး support ပေးမှာလား "
" လုပ်ပေးမှာပေါ့။မင်းက P ရဲ့ကောင်လေးလေ "
" ခုတော့ ရေခဲမုန့်စားချင်တယ် "
" သွားမယ်လေ လာ "
နေသာတဲ့နေ့ဖြစ်တာကြောင့် လမ်းပေါ်တွင်သွားလာနေသည့်ကားများ၊ဆိုင်ကယ်များက ယခင်ကထက်ပိုပြီးများနေသည်။ကားကြပ်နေတာကြောင့် SUPER Market
ရောက်ရန် အချိန်ပိုကြာသွားသည်။" P ကားရပ်ရဦးမှာမို့ သွားနှင့်လိုက် "
" Shin မုန့်အတန်းမှာ စောင့််လိုက်
မယ်လေ "Keng ကားကိုနေရာတကျရပ်လိုက်ပြီး Market ထဲဝင်လာခဲ့လိုက်သည်။သူဝင်လာတဲ့အထိ Shinက ရေခဲမုန့် မရွေးရသေးဘူး။
" ကြိုက်တာ မတွေ့ဘူးလား Shin "
" Matchaအရသာ မတွေ့လို့ "
" ဒီမှာမတွေ့ရင်အပေါ်ထပ်က ဆိုင်တွေမှာရှာမယ်လေ "
~~~~~~~~~~~~~~~~~~~~~~~~~~~~~
Rinဒီရက်ပိုင်းအပြင်မထွက်ဖြစ်တာကြာပြီမို့ သူငယ်ချင်းနဲ့အတူ အပျင်းပြေအပြင်ထွက်ရင်း P Kengကို လှမ်းတွေ့လိုက်သည်။P Kengတယောက်တည်းတော့မဟုတ် သူနဲ့အတူ တခြားကောင်လေး
တယောက်နဲ့ ။" Rin...မုန့်မစားဘဲ ဘယ်တွေငေးနေတာလဲ။စားမကောင်းဘူးလား "
" မဟုတ်ပါဘူး Din ကလည်း။ငါ P Keng ကိုတွေ့လိုက်လို့နှုတ်ဆက်ရင်ကောင်းမလားတွေးနေတာ "
" ဘယ်မှာလဲ "
" နင့်မြောက်ဘက်မှာ Din"
" အော်...သူက သူ့ကောင်လေးနဲ့ လျှောက်လည်နေတာပဲ။အတွဲတွေများ ရိုလိုက်တာ "
" သူ့မှာ ကောင်လေးရှိတယ် "
" သူ့ဘေးက Shinက သူ့ကောင်လေးလေ "
" ဟုတ်လား "
" ဘာလဲ။နင်သူ့ကို စိတ်ဝင်စားနေ
တာလား "" အင်း "
" ငါနားကြားမှားတာများလား Rin "
" မဟုတ်ပါဘူး။သူ့ပုံစံက အနေအေးပြီးထူးခြားလို့ စိတ်ဝင်စားတာပါ "
" လန့်သွားတာပဲ "
တကယ်တော့သူမရဲ့ စိတ်ထဲမှာ တခုခုလစ်ဟာသွားသလို ခံစားရတယ်။သူမ လိုချင်နေတဲ့အရာတခုကို သူများကယူသွား
ခံလိုက်ရတဲ့ ခံစားချက်မျိုး။