Keng သူ့ကိုဝင်တိုက်တဲ့သူကို စကားပြောရန်ကားပေါ်မှဆင်းလိုက်ပေမဲ့ ထိုသူကဆင်းမလာပါ။Keng မှန်တင်ထားတဲ့ ကားတံခါး ခေါက်လိုက်တော့ မှန်ချလာပြီး
ကောင်မလေး တယောက်" Rin တောင်းပန်ပါတယ်နော် "
" မင်းအရှိန်လျော့ပြီး မောင်းသင့်တယ်။ "
" project ထပ်ရမှာလောနေလို့ပါ။Rin ကားပြင်ခပေးပါ့မယ် "
" မင်းprojectကိစ္စအရင် သွားလိုက်ပါ။ကားက အရမ်းမထိပါဘူး "
" တကယ် ကျေးဇူးတင်ပါတယ် P "
Keng ကားထဲပြန်ဝင်လိုက်ကာ ကားစက်ပြန်နှိုးလိုက်သည်။Sam ကတော့ ခေါင်းတခါခါဖြင့်
" မင်းကတော့ တကယ်သူတော်ကောင်းပဲ Keng "
" အရမ်းလည်း မထိသွားလို့ပါ။ပြီးတော့ ငါတခြားသူတွေနဲ့စကားပြောနေရတာ သိပ်မကြိုက်လို့ "
" ငါ ကားကို workshop ပို့လိုက်မယ်။မင်း ဆိုင်ကယ်ခဏငှားပေး Sam "
" မင်းက ဘယ်သွားမလို့လဲ Keng "
" ငါ့ကောင်လေးကို သွားကြိုဖို့ "
" မေးမိတဲ့ ငါ့အမှား။ရော့.... ဒီမှာသော့ "
Shin သူငယ်ချင်းတွေနဲ့ Canteenမှာ မုန့်စားနေစဉ် သူနဲ့ P Keng အကြောင်းကို သူငယ်ချင်းတွေကိုပြောပြဖို့တွေးလိုက်သည်။
" Bow...Day ငါပြောစရာ ရှိတယ် "
" အမယ်.....ထူးထူးဆန်းဆန်း ပြောစရာရှိတယ်ဆိုပါလား Shin "
" ပြောလေ Shin "
" ငါ..........P Keng နဲ့တွဲနေပြီ "
" တကယ်ပြောနေတာလား Shin "
" ငါမင်းတို့ကိုပြောဖို့ စဉ်းစားရင်း မပြောဖြစ်တာ "
" Shin "
" ပြောလေ Bow "
" အနောက်မှာ P Keng "
Shin အနောက်ကိုလှည့်ကြည့်လိုက်တော့ သူ့ကိုပြုံးပြီးကြည့်နေတဲ့ P Keng။
" P ဘယ်တုန်းက ရောက်နေတာလဲ။အတန်းကရော "
" ဒီနေ့ အတန်းချိန်က ပြီးပြီလေ "
" P Keng မုန့်ဝယ်ကျွေးရမယ်နော် "
" ဒီဆိုင်မှာ Nong တို့
စားချင်တာမှာလို့ရတယ်။P ရှင်းပြီးပြီ"