" မမလေး Rin...အိမ်အောက်မှာ ကောင်လေးတယောက်က မမလေးနဲ့တွေ့ချင်တယ်ဆိုပြီးစောင့်နေတယ် "
" ဘယ်သူလို့ပြောလဲ အဒေါ်ကြီး "
" Keng လို့ပြောပါတယ်....မမလေး "
" ဘယ်သူ "
အဒေါ်ကြီးပြောလိုက်တဲ့ နာမည်ကိုကြားပြီး နားကြားမှားတယ်လို့တောင်ထင်မိသည်။P Kengက သူမကိုတွေ့ဖို့လာတယ်
ဆိုပဲ။အိပ်ရာပေါ်မှ အမြန်ဆင်းကာခေါင်းအမြန်ဖီးလိုက်သည်။ထို့နောက် စိတ်ကိုအတည်ငြိမ်ဆုံးထားကာအောက်ထပ်သို့ ဆင်းခဲ့လိုက်သည်။ဧည့်ခန်းထဲရှိ ဆိုဖာမှာထိုင်
စောင့်နေတဲ့P Keng။ခဲရောင်T shirtနဲ့ ဂျင်းဘောင်းဘီအရှည်ကိုလိုက်ဖက်စွာ ၀တ်ဆင်ထားတဲ့သူက Rin ရဲ့မျက်လုံးထဲမှာတော့
အမြဲကြည့်ကောင်းနေ သည်။" စောင့်နေရတာကြာသွားလား P Keng "
" မကြာပါဘူး။ရပါတယ် "
" P Keng....coffee သောက်မလား "
" နေပါစေ။P ကဒီကိုလာတာက Rin ဆီကအကူအညီတောင်းချင်တာလေး ရှိလို့ပါ "
" ဘာအကူအညီလဲ ပြောလေ။Rin တတ်နိုင်သမျှကူညီပေးပါ့မယ် "
" လာမဲ့အပတ်ထဲမှာ P ရဲ့အမေမွေးနေ့ရှိတယ်။P ကယောကျ်ားလေးဆိုတော့ အလှပြင်ပစ္စည်းအကြောင်းတွေ သေချာ
မသိလို့ အဲ့ဒါ Rin ကPနဲ့အတူလက်ဆောင်လိုက်ရွေးပေးလို့ ရမလား"" ရတာပေါ့ P Keng "
ဒီနေ့က Rin အတွက်အပျော်ရွှင်ရဆုံးနေ့တွေထဲကတစ်ရက်ဆိုရင်လည်း မမှားပါဘူး။P Kengနဲ့အတူရှိနေရတဲ့အချိန်တွေက အကုန်မြန်လိုက်တာလို့ထင်မိသည်။Mallမှာ P Kengနဲ့အတူအန်တီအတွက် လက်ဆောင်ရွေးပြီးတဲ့နောက်
" လက်ဆောင်ရွေးကူတဲ့အတွက် ကျေးဇူးတင်ပါတယ် Rin "
" Rin ကိုအားမနာပါနဲ့ P Keng "
" ဘာစားမလဲ Rin "
"Rinက ဘာပဲဖြစ်ဖြစ်အဆင်ပြေတယ်PKeng"
" အဲ့တာဆို P ဆိုင်ရွေးလိုက်မယ် "
" ရတယ်လေ P Keng "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" cake ကတကယ် နူးညံ့တာပဲ။အရမ်းလည်းမချိုဘူး ''