3

1.8K 296 24
                                    

Unicode

::baekhyun အိမ်ပြန်​ရောက်ပြီလား

:: baekhyun မင်းဒဏ်ရာဘယ်လို​နေ​သေးလဲ

:: ​ရေချိုးလိုက်​သေးလား

:: ဘာလို့ပြန်မ​ဖြေတာလဲ baekhyun ?

::မင်းonline ဖြစ်​နေတာကို ငါ့ကို seenမပြနိုင်ဘူးလား !

:: byun baekhyun !!

baekhyun အ​ကောင့်ဟာ မီးစိမ်း​နေတာမို့ စာ​တွေဆက်တိုက်ပို့​နေ​သော်လည်း sent ဖြစ်ပြီး seen
လုံးဝမပြ ။ ​ ဒဏ်ရာ အ​တော်​လေးပြင်းတာ​ကြောင့် ​နေ့လည် ပြန်သွားကတည်းက စိတ်ပူ​နေရတာ ။

ထို ​သ​ကောင့်သား​ဟာ ​ဆေးလဲ​သောက်မည့်ပုံမ​​ပေါ်​ပေ ။ တစ်​ယောက်တည်း​နေပြီး အဖျားတက်​နေမည်စိုး​သော​ကြောင့် ဂျူတီပြီးလို့အိမ်ပြန်​ရောက်တာနဲ့ လိုင်း​ဖွင့်ပြီး ဒင်းလည်း online ဖြစ်​နေတာမို့ စာပို့ကာ​မေး​နေခြင်းဖြစ်သည် ။
သို့​သော် ဘာမှ ပြန်မ​ပြောတာ​ကြောင့် လူကစိတ်တိုလာရပြီ ။

:: တမင်လုပ်​နေတာလား byun baekhyun !

" ဟာ ​ ဒီ​ကောင် ! "

​နောက်ထပ်စာတစ်​ကြောင်းပို့အပြီးမှာ က​လောက်ဆိုပြီး အဝိုင်း​လေးပြုတ်ကျလာကာ seen ဖြစ်သွားလို့ ​ပျော်မလို့ရှိ​သေး ​ This person is unavailable on messenger ဆိုသည့်စာတန်း​ပေါ်လာကာ ကီးဘုတ်​​ပျောက်သွား​တော့သည် ။

Byun Baekhyun သူ့ကိုblock သွားပြီ !

​စေတနာနဲ့ ​မေးတာကို မ​ဖြေဘဲလျစ်လျူရှူထားရုံမက ကီးဘုတ်ပါအ​ဖျောက်ခံလိုက်ရတာမို့ ​ဒေါသများကား ငယ်ထ်ိပ်တက်​​ဆောင့်ကာ contact ထဲဝင်ပြီး ချက်ချင်းဖုန်း​ခေါ်ပစ်လိုက်သည် ။

သို့​သော် သ​ကောင့်သားကမကိုင် !
ပြန်ပြန်ချပစ်​နေသည် ။
သူ့ဘက်ကလဲ လက်မ​လျှော့ပဲ ဆက်တိုက်ကို တဂျီဂျီ​ခေါ်​နေလိုက်သည် ။
call ​ပေါင်း ၂၃ ခါ​​မြောက်သွားသည့်အခါမှ​သာ
ဖုန်းကိုင်​လေ၏ ။

" Hello ​မောင် ဘာဖြစ်​နေတာလဲ ! "

အမယ် ပြန်ထူးတဲ့အသံကိုက စိတ်ပျက်လက်ပျက်နဲ့ ။
ဘာဖြစ်​နေတာလဲ ဆိုပဲ ၊

" မင်းငါ့ကို ဘာလို့block သွားတာလဲ "

" ​မောင်က အာရုံလာ​နောက်​နေလို့​လေ ကျွန်​​တော်မအားဘူး အလုပ်လုပ်​နေတယ် "

To~~~~~Mg 《Completed》Where stories live. Discover now