10

1.5K 244 28
                                    

Unicode

chanyeol တစ်​ယောက်byun baekhyun အခန်းကို တစ်​နေ့လုံးရှင်းလင်းလိုက်ရတာမို့ ​ခြေကုန်လက်ပန်းကျကာ အိပ်​ပျော်သွားပြီး ည​မှောင်ရီပျိုးချိန်မှသာနိုးလာ​တော့သည် ။

သူထင်ခဲ့သည်ကား baekhyun သူ့ကိုအိမ်​ခေါ်ထားခြင်းမှာ တမင်အနိုင်ကျင့် ဗိုလ်ကျချင်လို့ဟုသာ ။
သို့​သော် ​ရောက်ကတည်းက သူ့ကိုအခန်းထဲထားခဲ့ကာ အိမ်​ရှေ့မှာlaptopတစ်လုံးနှင့် အလုပ်များ​နေပြီး အဖက်​တောင်လုပ်မခံရ ။

အခန်းကလဲ မ​နေနိုင်လို့သာ ကိုယ့်စိတ်နဲ့ကိုရှင်းလိုက်ခြင်းဖြစ်သည် ။
ဖား​တွေကို​တော့baekhyun က ​သူရွံ​နေတာသိ၍ အပြင်ထုတ်သွား​​ပေး​သည် ။
ဒီလိုဆို​တော့လည်း မဆိုးလှ ။

​ခြေလက်​တွေဆန့်ပြီး အ​ကျောအချင်​​ဖြေပြီး
ကုတင်​ပေါ်ကဆင်းကာ အခန်းပြင်သို့ထွက်လာခဲ့သည် ။

" နိုးပြီလား​မောင်
kitchen ထဲက စားပွဲမှာ ညစာတင်ထားတယ်
အရင်စားလိုက်ဦး
​နေ့လည်ထဲက မစားပဲအိပ်သွားတာ ဗိုက်ဆာ​နေ​ရော​ပေါ့"

baekhyun က အလုပ်လုပ်​နေတုန်းပင်ဖြစ်သည် ။
အခန်းတံခါးဖွင့်သံကြားသည်နှင့် ​နောက်​တောင်လှည့်မကြည့်ပဲ​ပြောလာသည် ။

" မင်းက​ရော "

" ကျွန်​တော်မဆာဘူး ​မောင်အရင်စားနှင့် "

laptop screenကိုအကြည့်မပျက်ပဲ လက်​တွေက key​တွေကိုတ​တောက်​တောက်နှိပ်ရင်း​သူ့အ​မေးကိုပြန်​ဖြေနေတာမို့ ​နှောင့်ယှက်မ​နေ​တော့ပဲ မီးဖို​ချောင်သို့သာဦးတည်လိုက်သည် ။
ထူးဆန်းသည်က မီးဖို​ချောင်ဟုသာဆိုသည် ၊ အိုးခွက်ရယ်လို့မ​​တွေ့ရ ၊ ​ရေ​နွေးတည်သည့်အိုးတစ်လုံးနှင့် တူအစုံလိုက်​တွေသာ ရှိပြီး ​​ခေါက်ဆွဲဖာ​တွေက​တော့အပြည့်။
စားပွဲ​ပေါ်မှာ​တော့ ဆိုင်တစ်ဆိုင်ကမှာထားပုံရသည့်ပါဆယ်ဘူး​တွေ တင်ထားသည် ။

သာမန်မဟုတ်သည့်မီးဖို​ချောင်က သူ့ကိုမျက်​မှောင်ကြုံ့သွား​စေကာ ဝယ်​ပေးထားသည့်အစားအ​သောက်များကို တလုတ်ချင်းစား​နေရင်းအ​တွေး​တောထဲနစ်​မြော​စေသည် ။
baekhyun ကဟင်းချက်မစားဘူးလား ။
ဒါမှမဟုတ် ပျင်းလို့ပဲမချက်တာလား ။
​ခေါက်ဆွဲ​တွေချည်း​နေ့တိုင်းစားတာက​တော့ အမှန်တကယ်ပင်မ​ကောင်း ။
သူလဲမိဘ​နဲ့​ဝေးကာ တစ်​​ယောက်တည်း​နေ​​ပေမယ့်
​​အလုပ်အားတဲ့ရက်ဆို ချက်ပြုတ်စားဖြစ်သည် ။

To~~~~~Mg 《Completed》Where stories live. Discover now