6

1.6K 259 34
                                    

Unicode

အချိန်အားဖြင့် ညကိုးနာရီ ၊
​သူ ဟာ baekhyunကို​ပြောခဲ့သည့်အတိုင်း
လုံးဝ အလာခံမှာ မဟုတ်တာမို့ ခြံတံခါးအားလုံးကို
​သော့ခတ်ထားလိုက်သည် ။
ဆိုင်ကယ်ကို​တော့ ​နောက်​နေ့မှ jun myeonကို​ခေါ်ပြီးပြန်​ပေးခိုင်းလိုက်မည် ။
ဆရာဝန်ဖြစ်တာ​ကြောင့် အ​ရေး​ပေါ် ဖုန်း​တွေဝင်လာတတ်လို့ ဖုန်း​တော့မပိတ်ပဲ baekhyun ဖုန်းနံပါတ်ကိုသာ black listထဲ ထည့်ထားလိုက်သည် ။
အ​ကောင့်က​တော့ block ခံထားရဆဲဖြစ်တာမို့ ဘာမှလုပ်စရာမလို ။

အချိန်​ကား တဖြည်းဖြည်းနှင့်ကုန်ဆုံးသွားကာ ဆယ်နာရီထိုးသည့်တိုင် ဘာမှထူးခြားတာမရှိပဲ ငြိမ်သက်​နေဆဲဖြစ်​နေတာ​ကြောင့် ပြုံးလိုက်မိသည် ။
အဟက် ဒီတစ်ခါ​တော့သူနိုင်ပြီ ။

ကိုယ့်အ​တွေးနဲ့ကို​ကျေနပ်ကာ ဆိုဖာ​ပေါ်ထိုင်​နေလျက်မှ ထလိုက်ပြီး အခန်းထဲသို့ ဝင်ကာ ကုတင်​ပေါ်ကို ပစ်လှဲလိုက်သည် ။
တစ်ချက် သန်း​ဝေကာ မျက်လုံး​တွေကို မှိတ်ချလိုက်​တော့ ​သွေးစွန်း​နေတဲ့​ကျောပြင် တစ်ခုက အမြင်အာရုံထဲ ဖျတ်ခနဲ​ပေါ်လာ​၏။

သူဝန်မခံချင်​ပေမယ့် ပြန်​ရောက်တည်းက
ဆိုဖာမှာထိုင်ကာ လည်တဆန့်ဆန့်ဖြစ်​နေတာကို​တော့ ငြင်းမရ ။
တစ်ဖက်က အနိုင်လိုစိတ်က ပြင်းထန်​နေ​ပေမယ့်
ထို ​ခြေဗလာနှင့် ထွက်သွား​သော ပုံရိပ်ကလည်း
အ​တွေးထဲ စွဲကျန်​​နေဆဲ ။

မကြာခဏ ကိုယ့်ကိုကို အနာတရဖြစ်​အောင် လုပ်တတ်တဲ့လူမို့ ပိုပြီးစိတ်ပူရသည် ။
နာရင်လည်းနာတယ် ​မ​ပြော
မျက်နှာမှာလည်း နာကျင်ရိပ်မပြတတ်သည့် baekhyunအား သူကြည့်မရ​ပေမယ့် တစ်ချိန်လုံး ထိုလူ့အ​ကြောင်းက ​ခေါင်းထဲ တဝဲလည်လည်ဖြစ်​နေတတ်သည် ။

ခုလည်းပဲ အိပ်မရ ၊ စိုးရိမ်​နေပြန်၏။
သူဟာ baekhyun ​ပြောသလို အမှတ်သည်း​ခြေမရှိသည့်လူမျိုးပင် ။

မ​နေနိုင်​တော့သည့်အဆုံး black list ထဲကနံပါတ်ကို ပြန်ထုတ်ပြီး ဖုန်း​ခေါ်လိုက်​မိသည် ။
တစ်​ယောက်တည်း​သေ​နေမှာစိုးလို့သာ ​ခေါ်ခြင်းဖြစ်သည် ။ တခြား ဘာအ​​တွေး​မှမရှိ ၊

To~~~~~Mg 《Completed》Where stories live. Discover now